ဂိုးသွင်းရန် ရည်ရွယ်ချက်ချင်း စီရော်နယ်ဒိုနှင့်တူဟု ဘရာဇီးလ်ဂန္ထ၀င်ကစားသမားကြီးပြော

ခရစ္စတီယာနိုနဲ့ မတူညီတဲ့အချက်တွေအများကြီးရှိပေမယ့် ဂိုးသွင်းဖို့ ရည်ရွယ်ချက်ကတော့ တူတူပဲလို့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ နာမည်ဆင်တူနေတာအပြင် ကျော်ကြားမှုခြင်းလည်း နှိုင်းယှဉ်ခံရတာကြောင့် စိတ်မရှိပေမယ့် တကယ်တမ်းမှာ သူတို့နှစ်ဦးဟာ လုံးဝကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့အချိန်ကာလတုန်းက ပိုခက်ခဲတယ်လို့ မပြောချင်ပေမယ့်လည်း သူ့အနေနဲ့ ခက်ခဲတဲ့အသင်းတွေနဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ကွင်းလယ်၊ တိုက်စစ်တို့နဲ့ အနီးဆုံးနေရာမှာ ကစားနေတာကြောင့် ဂိုးရရှိဖို့ အခြေအနေပိုသာတယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ ဂိုးသွင်းဖို့ ရည်ရွယ်ချက်ကတော့ အတူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်သလို မော်ဒန်ဘောလုံးလောကမှာ စံချိန်သစ်တွေတင်ထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ ဥရောပဖလား ၁ ကြိမ်၊ ဘလွန်းဒီအောဆု ၅ ကြိမ် ရရှိထားပြီးတော့ တဦးချင်းဆုတံဆိပ်ပေါင်းများစွာ ရရှိထားသူဖြစ်ပါတယ်။ ဘရာဇီးဂန္ဌဝင်ကတော့ အင်တာမီလန်၊ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ပီးအက်စ်ဗွီ အသင်းတို့မှာ ကစားခဲ့သလို ကလပ်အောင်မြင်မှုထက် နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလား ၂ ကြိမ်ရရှိထားပြီး အောင်မြင်မှု ပိုရခဲ့တဲ့ ကစားသမားကြီးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up