A d v e r t i s e m e n t With Us

လက်နက်ကိုင်ပဋိပက္ခ တပ်မတော်နှင့်စဖြစ်ခြင်းမဟုတ်၊ အစိုးရနှင့်တိုင်းရင်းသားများ ဖြစ်ပွားခဲ့ခြင်းဟု တပ်ချုပ်ပြော

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်နဲ့ စဖြစ်တာ မဟုတ်ဘဲ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ဖြစ်ပွားခဲ့တာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်မှာလုပ်တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၀ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ ပြောကြားခဲ့တာပါ။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်နဲ့ စတင်ခဲ့တဲ့အချိန်ကာလအရ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား စတင်ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရနဲ့ တိုင်းရင်းသားတွေအကြား ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်း ပီသစွာ ကာကွယ်ဆောင်ရွက်ခဲ့ရတာလို့ ပြောပါတယ်။ တပ်မတော်ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ရဲ့ ဦးဆောင်မှုနဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) အဖြစ် စတင်သန္ဓေတည်ဖွဲ့စည်းခဲ့ပြီး အဲဒီလို ပေါက်ဖွားလာတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ၊ လွတ်လပ်ရေးရပြီးစကာလ၊ ပါလီမန်ဒီမိုကရေစီအစိုးရကာလ၊ အိမ်စောင့် အစိုးရကာလ၊ တော်လှန်ရေးကောင်စီအစိုးရကာလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကာလ၊ တပ်မတော် အစိုးရကာလစတဲ့ ခေတ်အဆက်ဆက်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို အမြဲကာကွယ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသမိုင်းစဉ်တလျှောက် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဆုံးရှုံးရမယ် အခြေအနေ၊ ပြည်ထောင်စု ပြိုကွဲနိုင်သည့် အခြေအနေတွေက အကြိမ်ကြိမ်ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အစဉ်အလာကောင်း တွေနဲ့ ပြည့်ဝတဲ့ တပ်မတော်ဖြစ်ပြီး သမိုင်းကြောင်းနဲ့ ပထဝီအနေအထေားအရ ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူပြီး တပ်မတော်ရဲ့အစဉ်အလာကောင်း တွေကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုတယ်လို့လည်း မှာကြား ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up