A d v e r t i s e m e n t With Us

ကွန်ဂိုတွင် စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံး

Soldiers stand in an FARDC field camp in Paida near Beni, North Kivu Province of Democratic Republic of Congo, December 7, 2018. According to an FARDC spokesman, Captain Mac Hazukay, 18 people were killed during the last two days by the Islamist rebel group "Allied Democratic Forces" (ADF) in the village of Paida and the area around the village. REUTERS/Goran Tomasevic
ကွန်ဂိုဒီမိုကရက်တနိုင်ငံ အရှေ့ပိုင်း ဘီနင်မြို့မှာ သံသယဖြစ်ဖွယ် စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး အရပ်သား ၁၈ ဦး သေဆုံးခဲ့ရတယ်လို့ စစ်တပ်တာဝန်ရှိသူ တဦးက ဒီဇင်ဘာ ၇ ရက်က ပြောကြားလိုက်ပါတယ်။ အဆိုပါ သတ်ဖြတ်မှုဟာ အီဘိုလာရောဂါ ဖြစ်ပွားရာနေရာအနီးမှာ ဖြစ်ခဲ့ပြီး အရပ်သားတွေအပေါ် လက်နက်ကိုင်အဖွဲ့တွေရဲ့ ထပ်တလဲလဲ တိုက်ခိုက်မှုကြောင့် ကွန်ဂိုသမိုင်းမှာ ဒုတိယအဆိုးရွားဆုံး ရောဂါထိန်းချုပ်ရေးမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုက လွတ်မြောက်ခဲ့သူ  မိန်းကလေးက လက်နက်ကိုင်တွေ ရွာထဲရောက်လာပြီး သေနတ်တွေနဲ့ပစ်၊ ဆိုင်တွေကို လုယက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ကျော်အတွင်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေအတွက် ကွန်ဂိုအစိုးရက ADF သူပုန်တွေကို အပြစ်ဖို့ခဲ့ပါတယ်။ ဒါပေမယ့် သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေက သတ်ဖြတ်မှုတချို့ကို တခြားလက်နက်ကိုင်တွေနဲ့ ကွန်ဂိုစစ်သားတွေ ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့ ကွန်ဂိုနိုင်ငံမှာ  ရောဂါကူးစက်သူ ၄၇၁ ဦးရှိပြီး ၂၇၃ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up