မေလထဲတွင် မေဝဲသာနှင့် ခါဘစ် ထိုးသတ်မည်ဟု ခါဘစ်ဖခင် ပြော

1.1K
UFC လိုက်ဝိတ်ချန်ပီယံ ခါဘစ်ဟာ လာမယ့်မေလမှာ မေဝဲသာနဲ့ထိုးမယ်လို့ ခါဘစ်ရဲ့ ဖခင်ဖြစ်သူ နာမာဂိုမီဒေါ့ဖ်က ပြောကြားလိုက်ပါတယ်။
အကြောင်းရင်းကတော့ ခါဘစ်ဟာ UFC နဲ့ စာချုပ်သက်တမ်းဟာ ဧပြီလထိကျန် ရှိနေသေးပြီး မေလမှာတော့ အလွတ်ကစားသမား ဖြစ်လာမှာဖြစ်တာကြောင့် မေဝဲသာနဲ့ ထိုးသတ်မယ့်ရက်ကို ထုတ်ဖော်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဒေါ့ဖ်ဟာ သားဖြစ်သူကို မေဝဲသာနဲ့ ပွဲတည်ပေးဖို့ စိတ်အားထက်သန် နေပြီးတော့ ထိုးသတ်ကြေးအပါအဝင် ဝင်ငွေများစွာရတဲ့ပွဲကို ကျင်းပလိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ပြောကြားချက်အရ ရင်းနှီးမြှုပ်နှံသူတွေဟာလည်း စိတ်ဝင်စား နေတာကြောင့် လာမယ့်နှစ်မှာတော့ ပွဲဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။
မကြာသေးခင်ကလည်း ထိုးသတ်ဖို့ နီးစပ်ခဲ့ပေမယ့် UFC ဥက္ကဋ္ဌ ဒေနာဝှိုက်နဲ့ သဘောတူညီချက်မရခဲ့လို့ ပွဲမဖြစ်ခဲ့တာပါ။
တကယ်လို့ ပွဲဖစ်လာခဲ့မယ်ရင် ခါဘစ်အနေနဲ့ လက်ဝှေ့ကြိုးဝိုင်းထဲ သွားရောက် ထိုးသတ်ရဖို့ များနေပါတယ်။
ခါဘစ်အနိုင်ယူထားခဲ့တဲ့ မက်ဂရီဂေါ်ဟာလည်း မေဝဲသာနဲ့ မကျေပွဲနွှဲလိုပေမယ့် အဲဒီပွဲဟာ သူ့သားနဲ့ပွဲလောက် စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူးလို့ ဒေါ့ဖ်က ပြောသွားပါသေးတယ်။
ခါဘစ်ဟာ မကြာခင်မှာ လိုက်ဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် တိုနီဖာဂူဆန်နဲ့ ထိုးသတ်ရဖို့လည်း ရှိနေပါတယ်။