A d v e r t i s e m e n t With Us

လူနာကလေးငယ်များအတွက် မန်ယူနည်းပြနှင့်ကစားသမားများ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေပေမယ့် နည်းပြမော်ရင်ဟိုနဲ့ ကစားသမားတွေဟာ အသင်းပရိသတ်တွေဖြစ်တဲ့ ကျန်းမာရေး ချို့ယွင်းသူတွေကို ကယ်လင်တန် လေ့ကျင့်ရေးကွင်းကိုခေါ်ယူပြီး ပျော်ပွဲရွှင်ပွဲဆင်နွှဲပေးခဲ့ပါတယ်။ မော်ရင်ဟိုဦးဆောင်ပြီး ပေါ့ဘာ၊ လူကာကူ၊ ဂိုးသမားရိုမဲရိုး၊ ဒါမီယန်တို့ဟာ အသက်ကြာရှည်နေရမှာ မဟုတ်တော့တဲ့ လူနာကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲဆင်နွှဲ ပေးခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် ဖောင်ဒေးရှင်းရဲ့ အိမ်မက်များနေ့လို့ အမည်ရတဲ့ အဲဒီပွဲမှာ နည်းပြနဲ့ ကစားသမားတွေဟာ သူတို့လက်မှတ်ပါတဲ့ အင်္ကျီတွေ လက်ဆောင်တွေပေးခဲ့သလို အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ်ကစားသမားတွေ စည်းလုံးမှု လျော့နည်းနေတာနဲ့အတူ လုပ်ခလစာပြဿနာ၊ ဒဏ်ရာရကစားသမား ပြဿနာတွေကြောင့် ရလဒ်တွေဆိုးရွားနေပြီး နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၈ နေရာထိ ရောက်ရှိနေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၈ မှတ်၊ ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၈ မှတ်ထိ ကွာဟနေတာကြောင့် ချန်ပီယံလမ်းကြောင်းပေါ် ကနေတော့ ထွက်ခွာသွားရပြီလို့ ပြောရမယ့် အနေထားမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up