Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၃၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
December 7, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၈၀၀၀ ကျော် တန်ဖိုးရှိ wy စိတ်ကြွဆေးပြား ၁၉ သိန်းကျော်ကို တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဘူးသီး​တောင်​ကနေ ​မောင်​​တောကို ​မောင်းနှင်လာတဲ့ ကုန်​တင်​ကားကို မောင်တောမြို့ ၆ မိုင်စစ်ဆေးရေးဂိတ်မှာ သတင်းအရ အသင့်စောင့်ဆိုင်းနေတဲ့ ပူးပေါင်းအဖွဲ့က တားဆီး ရှာ​ဖွေခဲ့တာပါ။ ရှာဖွေရာမှာ  wy စာတမ်းပါ ပန်း​ရောင်​ စိတ်​ကြွ​ဆေးပြား ၁၀၀၀၀ ပြားခန့်​ပါ ၃၅ ထုပ်၊ ၉၇၅၀ ပြားစီပါ ၁၆၄ ထုပ်၊ စုစု​ပေါင်း ၁၉၉ ထုတ်​ စိတ်​ကြွ​ဆေးပြားစုစု​ပေါင်း ၁၉၄၀၂၅၀ ပြား၊ ကာလတန်​ဖိုးကျပ်​သိန်းပေါင်း ၃၈၈၀၅ တန်​ဖိုးရှိ စိတ်​ကြွ​ဆေးပြားတွေ ဖမ်းဆီးရမိ​ခဲ့တယ်လို့ ​မောင်​​တောခရိုင်​ မူးယစ်အထူးတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံ ယာဉ်​​မောင်းညီမျိုးသန့်​နဲ့ ယာဉ်​​နောက်​လိုက်​ အာဇီဇူ​လောင်​ တို့ကို စစ်​​ဆေးချက်​အရ ဘူးသီး​တောင်​မြို့ မီးရထားဆိပ် အမှတ်​ ၇ ရပ်​ကွက်​ရှိ ​ကျော်​သိန်းရဲ့ ဂို​ဒေါင်​ထဲက တင်​​ဆောင်​လာတဲ့ ပစ္စည်းတွေဖြစ်တယ်လို့သိရပြီး ဘူးသီးတောင်မြို့က ပါဝင်ပတ်သက်သူ တဦးနဲ့ ကွင်းဆက် ဘူးသီးတောင်နဲ့ စစ်တွေက တရားခံ နှစ်ဦးဖမ်းမိထားတယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြတ်ထွန်းက ပြောပါတယ်။ နောက်ထပ်ကွင်းဆက်တရားခံတွေကို ဖော်ထုတ်နေပြီး ဖမ်းဆီးရမိသူတွေကို မူးယစ်ဥပဒေနဲ့ ထိရောက်စွာ အရေးယူဖို့ ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024