ကွင်းလယ်လူ ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေးမည်

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းတော့မယ်လို့ သိရပါတယ်။ ကိုဗာဆစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ တရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားနေတာပါ။ လက်ရှိအချိန်မှာ ကိုဗာဆစ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ် စာချုပ်ခေါ်ယူဖို့အတွက် ရီးရဲလ်အသင်းနဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်ကို ၂၀၁၅ ခုနှစ်က အင်တာမီလန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကိုလည်း အဲဒီပမာဏလောက်ရရင် အပြီးသတ်ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။

//
More News
Up