လူငယ်ဘောလုံးသမား ၆၃ ဦးကို ဘောလုံးအကယ်ဒမီတွင် လေ့ကျင့်ပျိုးထောင်ပေးမည်

ဓာတ်ပုံ - MFF
1K
ပြည်နယ် တိုင်း အသီးသီးက အလားအလာရှိတဲ့ လူငယ်ဘောလုံးသမား ၆၃ ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီတွေမှာ လေ့ကျင့် ပြုစုပျိုးထောင်ပေးမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ အသက် ၁၄ နှစ်အောက် ပြည်နယ်နဲ့တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့ကြတဲ့ ဘောလုံးသမားတွေကို ဘောလုံးအဖွဲ့ချုပ် နည်းစနစ်အဖွဲ့က စောင့်ကြည့်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မန္တလေး ဘောလုံးအကယ်ဒမီ၊ ပုသိမ် ဘောလုံးအကယ်ဒမီနဲ့ ရန်ကုန် ဘောလုံးအကယ်ဒမီတို့ ဖွင့်လှစ်ထားပြီး ခြေစွမ်းခြေစရှိတဲ့ လူငယ်ဘောလုံးသမားတွေကို ဂျပန်လူမျိုးနည်းပြတွေနဲ့ လေ့ကျင့်သင်ကြားပေးနေပါတယ်။