မောင်တောတွင် စိတ်ကြွဆေးပြား ကျပ်သိန်း ၁ သောင်းကျော်ဖိုး ဖမ်းမိ

2K
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာရှိ လူမနေတဲ့ နေအိမ် အတွင်းမှ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကျော် ကာလတန်ဖိုး ကျပ်သိန်း တ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီမနက် ၁၀ နာရီလောက်က လောင်းဒုံနယ်မြေစခန်းနဲ့ ငန်းချောင်းနယ်မြေစခန်းတို့ စုပေါင်းအထူးတပ်ဖွဲ့က ကြက်ရိုးပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့ရဲ့ သတင်းပေးချက်အရ ကြက်ရိုးပြင်ရွာကျေးရွာရှိ လူမနေတဲ့ နေအိမ်အားဝင်ရောက် စစ်ဆေးရှာဖွေခဲ့တာပါ။
ရှာဖွေရာမှာ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းထဲမှာ ဆာလာအိပ် သုံးအိပ်နဲ့ ထုတ်ထားတဲ့ wy စာတမ်းပါ မူးယစ်ဆေးပြား ၅၈၅၀၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၁၁၇၀၀၀၀၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိတယ်လို့ လောင်းဒုံနယ်မြေစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူယစ်ဆေးတွေကို ငါးခူရနယ်မြေစခန်းမှာ မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၉(က) နဲ့ အမူဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကြက်ရိုးပြင်ကျေးရွာမှာ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာသူတွေ ရှိသလို လက်ရှိနေထိုင်တဲ့ နေအိမ်ခြေ ၃၀၀ ကျော် ရှိပြီး အရင်က အိမ်ခြေ ၁၀၀ ကျော်နေထိုင်ခဲ့ပါတယ်။