နေပြည်တော်တွင် ရစ်ခ်ျတာစကေး ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 6, 2018
နေပြည်တော်အနီးဗဟိုပြုပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ မနက်အစောပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် (ဝ၁)နာရီ (၄၇)မိနစ် (ဝဝ)စက္ကန့် အချိန် နေပြည်တော် မြေငလျင်စခန်းရဲ့ အရှေ့ဘက် ၄ မိုင် ကွာဝေးတဲ့ ပျဉ်းမနားမြို့ရဲ့ မြောက်ဘက် ၂ မိုင်လောက် အကွာ အနက် ၆ ကီလိုမီတာကို ဗဟိုပြပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခဲ့ပါတယ်။