A d v e r t i s e m e n t With Us

အမေရိကန်စစ်လေယာဉ် ၂ စီး တိုက်မိပြီး ပျက်ကျ၊ မရိမ်းတပ်သား ၆ ဦး ပျောက်ဆုံးနေ

ဂျပန်ကမ်းလွန်မှာ ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်စစ်လေယာဉ်နှစ်စီး တိုက်မိ ပျက်ကျခဲ့ပြီးနောက် မရိမ်းတပ်သား ၆ ဦး ပျောက်ဆုံးနေတယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၂ နာရီဝန်းကျင်က ဂျပန်ကမ်းလွန်ကနေ မိုင် ၂၀၀ အကွာမှာ စစ်လေယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ မရိမ်းတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး တာကဲရှီ အီဝါယက အမေရိကန်စစ်လေယာဉ် ၂ စီးပေါ်မှာ လိုက်ပါလာတဲ့ မရိမ်းတပ်သား ၇ ဦးထဲက ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ အမေရိကန်စစ်လေယာဉ် ၂ စီးဟာ လောင်စာဖြည့်တင်းတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်စဉ် အမှားအယွင်းဖြစ်ပြီး တိုက်မိတာ ဖြစ်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up