A d v e r t i s e m e n t With Us

ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့သည့် လီဗာပူးနည်းပြ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံရ

အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ ကွင်းအတွင်း အောင်ပွဲခံမှုကြောင့် ပေါင် ၈ ထောင် ဒဏ်ရိုက်ခံခဲ့ရပေမယ့် အဲဒီအတွက်တော့ နောင်တရနေမှာ မဟုတ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ကလော့ပ်ဟာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ တိုက်စစ်မှူး အိုရီဂီ အနိုင်ဂိုးသွင်းယူပြီးနောက် နည်းပြနေရာကနေ ကွင်းထဲပြေးဝင်ပြီး ဂိုးသမား အလက်ဆန်နဲ့အတူ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအောင်ပွဲခံခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရတာမျိုး မရှိပေမယ့် နောက်တကြိမ်တော့ လုပ်နိုင်မှာမဟုတ်ဘူးလို့ ကလော့ပ်က ပြောပါတယ်။ ကလော့ပ်အနေနဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကိုလည်း ဝန်ခံခဲ့ပေမယ့် အများပြည်သူ အမြင်မှာတော့ မှားယွင်းတဲ့ အပြုအမူမျိုး မဟုတ်ဘူးလို့ ဂျာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up