A d v e r t i s e m e n t With Us

ယူအေအီးထောင်တွင်း သေကြောင်းကြံရန် စဉ်းစားခဲ့ဟု လွတ်မြောက်ခဲ့သည့် ဗြိတိန်ကျောင်းသား ပြော

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့သူ ဗြိတိန်ကျောင်းသား မက်သရူးဟက်ဂျက်စ်က သူဟာ အကျဉ်းကျနေစဉ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ စဉ်းစားခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဗြိတိန်ကျောင်းသား ဟက်ဂျက်စ်က သူဟာ တရားရုံးမှာ တရားရင်ဆိုင်ခွင့်နဲ့ တဦးတယောက်ကိုမှ နှုတ်ဆက်ခွင့်မရဘဲ သူ့ကို တရားရုံးကနေ ခေါ်ထုတ်၊ ကားပေါ်တက်ခိုင်းပြီး ၆ လလုံးလုံး ထိန်းသိမ်းခံရတဲ့ စစ်ကြောရေးအခန်းထဲ ပြန်ပို့ခံရတယ်လို့ ပြောပါတယ်။ သူဟာ ထောင်ကျခံပြီးမှ လွတ်မြောက်ဖို့နည်းလမ်း ရှာဖွေမယ်လို့ မျှော်လင့်ထားပေမယ့် အဲဒီအကျဥ်းခန်းထဲ ပြန်ပြန်ရောက်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုစိတ် နှစ်ခါ၊ သုံးခါ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံးအကြိမ်မှာတော့ ထိတ်လန့်မှုတွေဖြစ်ခဲ့ပြီး အသက်ရှူမရဘဲ အဲဒီညတုန်းက ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချတဲ့အိပ်မက် မြင်မက်ခဲ့တယ်လို့လည်း လန်ဒန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟက်ဂျက်စ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up