Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 6, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Historical Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင် - Mary Queen of Scots ! ဒီကားကိုတော့ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက တင်ဆက် လိုက်တာဖြစ်ပြီး ဗြိတိန်ဒါရိုက်တာ Josie Rourke က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားကတော့ ၁၅ ရာစုအလယ်ပိုင်းလောက်မှာ သြဇာအရှိန်အ၀ါကြီးပြီး ထင်ရှားခဲ့တဲ့ ဘုရင်မ Mary Stuart ရဲ့ ဘ၀ဇာတ်ကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကား ပါ။ ဘုရင်မ Mary ဟာ ၁၆ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ ဘုရင်မတ ပါးဖြစ်လာခဲ့ပေမယ့် သူ့အသက် ၁၈ နှစ်အရွယ်မှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့တာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့ရတာပါ။ အဲဒီနောက်တော့ သူဟာ နေရင်းနိုင်ငံဖြစ်တဲ့ Scotland ကို ပြန်လာခဲ့ပြီး သူ့ရဲ့ ရပိုင်ခွင့်တွေ၊ ထီးနန်းအရိုက်အရာတွေကို ပြန်လည်ရ ယူဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီကာလမှာတော့ Scotland နိုင်ငံဟာ England နိုင်ငံရဲ့ အတင်းအကြပ်အုပ်ချုပ်မှုအောက်မှာ ရောက်နေခဲ့ပါတယ်။ Mary ဟာ လက်ရှိ ဘုရင်မလည်းဖြစ်၊ သူနဲ့လည်း ၀မ်းကွဲညီအစ်မတော်စပ်တဲ့ England ဘုရင်မ Elizabeth ဆီက ထီးနန်းကို ပြန်လုနိုင်မလား။ ၂ နိုင်ငံ နန်းတွင်းရေး အရှုပ်တော်ပုံတွေကြားက ပုံရိပ် တွေ၊ အဖြစ်အပျက်ဇာတ်လမ်းတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် ဘုရင်မ Mary နေရာမှာတော့ အမေရိကန်နဲ့ အိုင်းရစ်ရှ်သရုပ်ဆောင်မင်းသမီး Saoirse Ronan က ပါဝင်ထားပြီး Elizabeth နေရာ မှာတော့ သြစတေးလျသရုပ်ဆောင်မင်းသမီး Margot Robbie က ပါဝင်ထားခဲ့ကာ တခြားသရုပ်ဆောင်တွေ အများကြီးကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.7 အထိ ရရှိထားပြီး American Film Institute(AFI) ရုပ်ရှင်ပွဲတော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကနဦးပြသခဲ့ကာ ရုပ်ရှင်ကားထဲက သရုပ်ဆောင်မှုတွေ၊ ဇာတ်ဝင်ခန်း အပြင်အဆင်၊ ၀တ်စားဆင် ယင်မှုတွေကိုပါ ချီးကျူးမှုတွေ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ တိုက်ခိုက်မှု ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၂၅ သန်းအကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၇ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Action, Comedy, Family အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bernie The Dolphin ! ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Kirk Harris က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ စိန့်သြဂတ်စတင်းကမ်းရိုးတန်းမှာ အခြေ တည်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မိသားစုနဲ့ ကွဲသွားပြီး လူသားမောင်နှမ ၂ ယောက်ဆီရောက်ရှိလာခဲ့တဲ့ လင်းပိုင်ကလေး Bernie ရဲ့ အကြောင်းကို ရှုစားကြရမှာ ပါ။ သူတို့မောင်နှမရယ်၊ လင်းပိုင်ကလေး Bernie ရယ်၊ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြချိန်မှာပဲ အဲဒီကမ်းခြေကို ဖျက်ဆီးမယ့် အစီအစဉ်တခုနဲ့ ကြုံတွေ့လာရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒီအစီအစဉ်ကိုရော ကလေး ၂ ယောက်က ဘယ်လို ရဲရဲဝံ့ဝံ့ ရင်ဆိုင်မလဲ။ Bernie နဲ့ တခြားရေသတ္တ၀ါတွေရဲ့ ဂေဟစနစ်ပျက်စီးမယ့် ဘေး ကနေရော ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန် ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Lola Sultan , Logan Allen တို့နဲ့အတူ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီး တွေဖြစ်ကြတဲ့  Patrick Muldoon, Kevin Sorbo, Lily Cardone တို့ကလည်း အတွဲ ညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ မိသားစုတွေရော၊ လူကြီးလူငယ်မရွေး ကြည့်ရှူလို့ရတဲ့ ဒီရုပ်ရှင်ကားကိုတော့ Rating G အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါမိတ်ဆက်ပြောပြပေးမှာကတော့ မြန်မာအချစ်ဟာသရုပ် ရှင်ကားတကားဖြစ်တဲ့ သမီးသမက် ခမည်းခမက် ! ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ညာလက်တော်ရဲ့ ဇာတ်လမ်းကို ရာဇ၀င်ကိုက ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ သမီးသမက် ခမည်းခမက်ဆိုတဲ့ ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဒီကားထဲမှာတော့ လူမှုဝန်းကျင်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ယောက္ခမနဲ့ သမက်၊ ယောက္ခမနဲ့ ချွေးမစတဲ့ သူ တွေကြားက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အလွဲအချော်တွေကို ဟာသပုံစံနှော ရိုက်ကူး တင်ဆက်ထားခဲ့တာကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ၀ါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ခိုင်သင်းကြည်၊တက္ကသိုလ်ဂွမ်းပုံ၊ဗေလုဝတို့နဲ့အတူ တခြားဟာ သသရုပ်ဆောင်တွေ အများကြီးက အားဖြည့် ပါဝင်ထားကြတာဖြစ်ပါတယ်။ သမီးသမက် ခမည်းခမက်ရုပ်ရှင်ကားရဲ့အထူးပွဲပြသမှုကိုတော့ ရန်ကုန်မြို့၊ သမ္မ တ ရုပ်ရှင်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီရုပ်ရှင် Trailer ဟာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါ တယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ American Music Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Dumplin’ ! ဒီကားကိုတော့ အမေရိကန်အမျိုးသမီး သရုပ်ဆောင်ဒါရိုက်တာ Anne Fletcher က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Echo Films က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Paegent ပြိုင်ပွဲတွေမှာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပတဲ့ မိန်းကလေးငယ် တွေကပဲ ဦးဆောင်ပါဝင်ကြတာပါ။ ဒါပေမယ့် ဒီကားထဲမှာတော့ ထူးထူးခြားခြား  Plus-Size ဆယ်ကျော်သက် ကောင်မလေးတယောက်က Paegent ပြိုင်ပွဲထဲကို ပါဝင် လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူ့ရဲ့ အမေဖြစ်သူကလည်း အလှမယ်ဟောင်းတယောက် ဖြစ်နေခဲ့တဲ့အတွက် ခုလိုသူပါဝင်ပြီး ယှဉ်ပြိုင်လာတဲ့အခါ ရှေးရိုးစွဲကနေ ခွဲထွက်နိုင်ဖို့ ဘယ်လို အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတွေကို ဒီကားထဲမှာ ရှူစား ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ၀ါရင့်နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Jennifer Aniston နဲ့ သြစတေးလျသရုပ်ဆောင်မင်းသမီး Danielle Macdonald တို့က သားအမိ ၂ ယောက်အနေနဲ့ ခေါင်းဆောင်ပါဝင်ထားကြပြီး သရုပ်ဆောင်မင်းသားLuke Benward  နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ် မှတ်ထားပါတယ်။ ပေါ့ပေါ့ပါးပါး Music Comedy အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Drama ရုပ်ရှင်ပရိသတ်တွေအကြိုက် Ben Is Back ! ဒီကားကိုတော့ အမေရိကန်စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Peter Hedges က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်ကြရမယ့် ဒီရုပ်ရှင် ကားထဲမှာတော့ မူးယစ်ဆေးစွဲပြီး ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆယ်ကျော် သက်သားဖြစ်သူဟာ ခရစ္စမတ်နေ့မတိုင်ခင်တရက်ဖြစ်တဲ့ Christmas Eve မှာမျှော်လင့် မထားပဲ ပြန်ရောက်လာခဲ့ချိန်မှာ ဘယ်လို အခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ ထပ် ကြုံရဦးမလဲ၊ မိသားစုတွင်း ပြဿနာတွေ၊ မိခင်နဲ့ သားဖြစ်သူကြားက ဆက်ဆံရေး အခြေအနေတွေကိုပါ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဟောလိဝုဒ်သရုပ် ဆောင်မင်းသမီး Julia Roberts နဲ့အတူ မင်းသား Lucas Hedges တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါ တယ်။ Ben Is Back ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ပြသခဲ့ပြီး အဓိကသရုပ်ဆောင် တွေရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါ တယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.8 ထိ ရ ရှိထားပြီး လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024