Home
မြန်မာသတင်း
အခေါက်ရွှေ တကျပ်သား ကျပ် ၁၀ သိန်းအောက်ဆက်လက်ကျဆင်းနေ
ပိုင်စိုး
·
December 5, 2018
ပြည်တွင်း ရွှေအရောင်းအ၀ယ် ဈေးကွက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးဟာ ဒီနေ့မနက်  တကျပ်သားကို ကျပ် ၁၀ သိန်းအောက်နဲ့ စဖွင့်လိုက်ပါတယ်။ မနေ့က ဈေးကွက်ပိတ်ချိန်မှာ ကျပ် ၁၀,၁၁,၀၀၀ ဖြစ်ခဲ့ပြီး ဒီနေ့ မနက် ၁၀ နာရီ ၄၅ အချိန်မှာ ကျပ် ၉၉၉၀၀၀ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာပါတယ်။ မနေ့က နေ့လယ်မှာ ၉၈၄,၀၀၀ အထိကျသွားခဲ့ပါသေးတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို ၁၂၃၄ ဒေါ်လာရှိပြီး မနေ့ကထက် ၄ ဒေါ်လာ လျော့သွားတာပါ။ ဒေါ်လာဈေးတွေဟာလည်း မနေ့ညနေပိုင်းက တဒေါ်လာကို ၁၅၀၀ ဝန်းကျင်အထိ ကျသွားခဲ့ပြီး ဒီနေ့အတွက်တော့ ပုဂ္ဂလိကဘဏ်တွေက ဈေးနှုန်းတွေ မကြေညာထားကြပါဘူး။ ဗဟိုဘဏ်ကတော့ တဒေါ်လာကို ၁၅၄၀ ကျပ်သတ်မှတ်ထားပါတယ်။ ပြင်ပငွေလဲကောင်တာတွေမှာ တဒေါ်လာကို ၁၅၀၀ ဝန်းကျင်နဲ့ ဝယ်ပြီး ၁၅၂၀ ဝန်းကျင်နဲ့ ပြန်ရောင်းနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024