Home
မြန်မာသတင်း
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ နေပြည်တော်တွင်ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 5, 2018
၇ ကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပပါတယ်။ ဒီညီလာခံကို ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညီလာခံမှာ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာပြောဆို ထုတ်ဖော်ရေးသားခွင့်နဲ့ သတင်းအချက်အလက်တွေ လွတ်လပ်စွာရယူခွင့်ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုင်းတာနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ရုပ်သံလွှင့် မီဒီယာတွေ ဥပဒေ၊ နည်းဥပဒေနဲ့အညီ အကောင်အထည်အဖော် ဆောင်ရွက်နိုင်ဖို့ မီဒီယာနဲ့ သတင်းသမားတွေ လုံခြုံရေး၊ ဒီဂျစ်တယ်ကူးပြောင်းတဲ့ အခင်းအကျင်းမှာ ပြည်တွင်းမီဒီယာတွေ ရှင်သန်ရပ်တည်ရေးနဲ့ ရေရှည်တည်တံ့ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကဏ္ဍအလိုက်ဆွေးနွေးမှုတွေကိုတော့ အယ်ဒီတာချုပ်တွေ၊ ရှေ့နေတွေ၊ ၀ါရင့်သတင်းစာ ဆရာတွေ၊ ဆွီဒင်သံအမတ်ကြီးနဲ့ မြန်မာစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေအပြင် ပြည်ထဲရေးနဲ့ ကာကွယ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024