ဝီလ်ရှိုင်းယားဟာ စတာလင်ပေါင်သန်း ၁၀၀ တန်ကြေးရှိသည့်ကစားသမားဖြစ်ဟု နည်းပြပြော

926
အင်္ဂလန်နဲ့ ၀က်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရိုင်းယားဟာ ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ကစားသမားဖြစ်တယ်လို့ ၀က်စ်ဟမ်းနည်းပြပယ်လီဂရီနီက ပြောကြား လိုက်ပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ၀ီလ်ရူိုင်းယားဟာ ဒဏ်ရာကြောင့် သုံးလကြာအနားယူခဲ့ရပြီး နောက် နယူးကာဆယ်ကို က်စ်ဟမ်းက သုံးဂိုးပြတ်နိုင်တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။
ဝီလ်ရိုင်းယားလို ဖန်တီးနိုင်မှု မြင့်မားတဲ့ ကွင်းလယ်ကစားသမားတယောက်ရဲ့ တန်ကြေးက အခုချိန်မှာ ဈေးမြင့်မားနေပြီး ပေါင်သန်း၁၀၀၊ သန်း၉၀ ဒါမှမဟုတ် သန်း၇၀ လောက်ရှိတယ်လို့ ၀က်စ်ဟမ်းနည်းပြ ပယ်လီဂရီနီကပြောပါတယ်။
ဝီလ်ရိုင်းယားဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အပေါ်မှာလည်း ကျေနပ်မိပြီး ပွဲတွေပို ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။
ဘောလုံးမှာအရေးကြီးဆုံးအရာက အရည်အချင်းဖြစ်ပြီး ငွေနဲ့ဝယ်လို့မရနိုင်ဘူးလို့လည်း ပယ်လီဂရီနီက ဆိုပါတယ်။
အသက်၂၆နှစ်ရှိ ၀ီလ်ရှိုင်းယားဟာ အခုနှစ်ရာသီအစက အာဆင်နယ်အသင်းကနေ ၀က်စ် ဟမ်းအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၅ပွဲသာ ကစားထားပါတယ်။
ဓာတ်ပုံ- West Ham /Getty Images