မန်စီးတီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံရဖွယ်ရှိနေ

1.1K
ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းကို ချိုးဖောက်တဲ့ အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံရဖွယ်ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းကို ကျော်လွှားနိုင်ဖို့ စပွန်ဆာငွေကြေးတွေတိုးလာအောင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
သတင်းတွေအရ မန်စီးတီးအသင်းရဲ့ ကုမ္ပဏီတခုဟာ အီတီဟတ်ကွင်းရဲ့ စပွန်ဆာ ၀င်ငွေအတွက် ပေါင်၅၉သန်း ပေးချေထားတာနဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆာဖရင်က လွတ်လပ်တဲ့ အဖွဲ့အစည်းနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြု ပြောထားပါတယ်။
ဓာတ်ပုံ-Getty Images