Home
မြန်မာသတင်း
မိုးပျံလမ်းစီမံကိန်းကို အတိုင်ပင်ခံပုဂ္ဂိုလ် အသေးစိတ်လေ့လာနေ
နေဖြိုးဝင်း
·
December 4, 2018
ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့ ဂျပန်နိုင်ငံ တကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (JICA)နဲ့ ပူးပေါင်းဆောင်ရွက်မယ့် မိုးပျံလမ်း စီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အသေးစိတ်လေ့လာနေတယ်လို့ ပို့ဆက်ဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက် အမျိုးသားလွှတ်တော်မှာ မိုးပျံလမ်းစီမံကိန်းနဲ့ပတ်သက်တဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ "မိုးပျံရထားက လမ်းကြောင်းနှစ်ခု လုပ်နေတယ်။ ဂျပန်နဲ့ စီစဉ်နေတာ။ အခုမှ ဒီဟာကို ဂျပန် JICA အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးတုန်းရှိသေးတယ်ပေါ့၊ သဘောက။ ဆောင်ရွက်မှာတော့ ဆောင်ရွက်မှာပဲ။ အခုဟာက effects တွေလုပ်နေတယ်။ လုပ်နေတဲ့အခါကျ လမ်းကြောင်းရွေး တဲ့ဟာတွေ၊ နောက် မိုးပေါ်ပျံမလား၊ မြေအောက်လျှိုးမလားဆိုတဲ့ဟာလေးတွေ၊ ဒီဟာကတော့ အတိုင်ပင်ခံအနေနဲ့ သေချာအသေးစိတ် လေ့လာနေတဲ့အဆင့်ပေါ့နော်၊ သဘောက၊ ဒီဟာ ပြီးတော့မှပဲ ဘယ်လိုပုံစံလုပ်မလဲသိမှာပေါ့နော် " ရန်ကုန်ရဲ့ ယာဉ်ကြောကျပ်တည်းတဲ့ ပြဿနာကိုဖြေရှင်းနိုင်ဖို့တွက် ဒီမိုးပျံရထားစီမံကိန်းကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ အစိုးရဘက်က မြန်မြန်ဆောင်ရွက်နိုင်အောင် ဆော်သြနေ တယ်လို့လည်း ဆိုပါတယ်။ ဒုဝန်ကြီးဦးကျော်မျိုးက“မြန်မြန်ဖြစ်စေချင်တယ် ပြည်သူလူထုအတွက်၊ အထူးသဖြင့် ရန်ကုန်မှာဆိုရင် ယာဉ်ကြောကြပ်တည်းတဲ့ ပြဿနာတွေရှိတာပေါ့။ ဒါကြောင့် မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်တာ၊ နောက်ဆောက်လုပ်ရေးကလည်း မိုးပျံလမ်းလုပ်နေတာပဲ။ ဒီတော့ ၀န်ကြီးဌာန တွေ အကုန်လုံးပူးပေါင်းပြီး ရန်ကုန်မြို့အတွက် ပြည်သူတွေအတွက် ယာဉ်ကြော ကျပ်တည်းမှု ပြဿနာကို ၀ိုင်းကူဖြေရှင်းမှာပဲ။ "လို့ ပြောပါတယ်။ ဒါအပြင် ရန်ကုန်မှာ ဂျပန်က ပံ့ပိုးကူညီမယ့် လျှပ်စစ်ရထားတွေလည်း ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024