မင်းသမီး ဂျူလီယာရောဘတ်စ် ခေါင်းဆောင်ပါဝင်သည့် ဒရာမာရုပ်ရှင် – Ben Is Back (နမူနာ)
Published By
DVB | 4 December, 2018
1.1K
0
Share
0
Comment
0
Likes
ဟောလိဝုဒ် ဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ Ben Is Back ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အမေရိကန်စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Peter Hedges က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်ကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ မူးယစ်ဆေးစွဲပြီး ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆယ်ကျော်သက် သားဖြစ်သူဟာ ခရစ္စမတ်နေ့မတိုင်ခင် တရက်ဖြစ်တဲ့ Christmas Eve မှာ မျှော်လင့်မထားဘဲ ပြန်ရောက်လာခဲ့ချိန်မှာ ဘယ်လိုအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ ထပ်ကြုံရဦးမလဲ၊ မိသားစုတွင်း ပြဿနာတွေ၊ မိခင်နဲ့ သားဖြစ်သူကြားက ဆက်ဆံရေး အခြေအနေတွေကိုပါ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီး ဂျူလီယာရောဘတ်စ် (Julia Roberts) နဲ့အတူ မင်းသား လူးကပ်စ် ဟက်ဒ်ဂျက်စ် (Lucas Hedges) တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
Ben Is Back ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ပြသခဲ့ပြီး အဓိကသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.8 ထိ ရရှိထားတာ ဖြစ်ပါတယ်။