A d v e r t i s e m e n t With Us

ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုခ်ျကို ရာထူးကထုတ်ပယ်

ဆောက်သမ်တန်အသင်းဟာ နည်းပြ မာ့ခ်ဟုခ်ျကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ မန်ယူအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ထုတ်ပယ်လိုက်တာပါ။ ဆောက်သမ်တန်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေပြီး  နောက်ဆုံး ၁၄ ပွဲမှာ တပွဲပဲအနိုင်ရခဲ့လို့ တန်းဆင်းဇုန်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မာ့ခ်ဟုခ်ျအပြင် လက်ထောက်နည်းပြနှစ်ဦးကိုလည်း တပါတည်း လမ်းခွဲခဲ့တာပါ။ ယာယီနည်းပြအဖြစ် အသင်းဂိုးသမားဟောင်း ကီဗင်ဒေးဗစ္စက တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပြီး အမြဲတမ်းနည်းပြ ခန့်အပ်ဖို့လည်း ရှာဖွေနေတယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မာ့ခ်ဟုခ်ျ နည်းပြအဖြစ် လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်တယ်လို့လည်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဆောက်သမ်တန်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူတွေထဲမှာ ဝတ်ဖို့ဒ်နည်းပြဟောင်း ဆန်းချက်ဇ်၊ ဆွမ်ဆီးနည်းပြဟောင်း ဂယ်ရီမွန့်ခ်၊ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်တို့ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up