ပြင်သစ်တွင် လူနာတင်ယာဉ်မောင်းများ စုဝေးဆန္ဒပြ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက လူနာတင်ယာဉ်မောင်းတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြယာဉ်မောင်းတွေက လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး  လူနာတင်ယာဉ် ကုမ္ပဏီတချို့နဲ့ ညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။ ဆန္ဒပြ လူနာတင်ယာဉ် ကားတန်းကြီးဟာ ပလေ့စ်ဒယ်လာကန်းကော့ ရင်ပြင်ကနေ ပြင်သစ် အမျိုးသားလွှတ်တော်ကို သွားရာ တံတားတလျှောက် လမ်းပိတ်ဆို့ခဲ့ပါတယ်။ လူမှုဖူလုံရေးစနစ် ရန်ပုံငွေ ထောက်ပံ့ခြင်းဆိုင်ရာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ လူနာတွေဟာ ဦးစားပေး လူနာတင်ဝန်ဆောင်မှု ကုမ္ပဏီကို ရွေးချယ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးရုံတွေဟာ လူနာပို့ဆောင်ရေးအတွက် တဦးချင်းရန်ပုံငွေကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ စရိတ်စကသက်သာတဲ့ ကုမ္ပဏီတွေကို ရွေးချယ်စေပြီး ကုမ္ပဏီကြီးတွေအဖို့ အခွင့်အလမ်း သာစေပါတယ်။ ဒါကြောင့်မို့ ဈေးနှုန်းမယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီငယ်တွေကို အထိနာစေတယ်လို့ လူနာတင်ယာဉ်ကုမ္ပဏီတချို့က ဆိုပါတယ်။ ဒီအပြောင်းအလဲတွေဟာ သမ္မတ မာခွန်းရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေထဲက တချို့ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up