အာဇော့ဗ် ပင်လယ်ဝင်ပေါက်ကို ရုရှားပိတ်ဆို့ဟု ယူကရိန်း စွပ်စွဲ

5711849 25.11.2018 A cargo ship blocks a passage under the arch of the Crimean bridge over Kerch Strait in Russia, November 25, 2018. On Sunday Russian authorities closed off the Kerch Strait after three Ukrainian naval ships had crossed the Russian border and entered the temporarily closed area of the Russian territorial waters. Andrej Krylov / Sputnik via AP
911
ရုရှားဟာ အာဇော့ဗ် ပင်လယ်ဝင်ပေါက်ကို ပိတ်ဆို့ထားတယ်လို့ ယူကရိန်း အခြေခံအဆောက်အဦ ဝန်ကြီးက ဒီဇင်ဘာ ၂ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
နိုင်ငံတောင်ပိုင်းက မာရိုင်ပူဆိပ်ကမ်းမြို့ဆီ သွားရောက်လည်ပတ်ချိန်မှာ ခုလို စွပ်စွဲခဲ့တာပါ။
“ကာ့ခ်ျရေလက်ကြား ဝင်ပေါက်ကို တကယ်ပိတ်ဆို့ထားခဲ့တယ်။ ယူကရိန်း ပင်လယ်ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်နေတဲ့ ဘယ်သင်္ဘောတစီးကိုမှ ရုရှားက ခွင့်မပြုဘူး” လို့ ဝန်ကြီး ဗိုလိုဒီမီယာ အိုမဲလျန်က သတင်းထောက်တွေကို ပြောပါတယ်။
မြို့ထဲက ရထားလမ်း စင်္ကြံပေါ်မှာ တင့်ကားတွေ သယ်ပို့နေတာနဲ့ ဆိပ်ကမ်းက စစ်သင်္ဘောတွေ ဘေးတလျှောက်မှာ တင့်ကားတွေ တပ်ချထားတာကို ရိုက်တာသတင်းဌာနက သတင်းထောက်တွေ တွေ့ခဲ့ကြပါတယ်။
ယူကရိန်းဟာ စစ်တိုက်နိုင်တဲ့အရွယ် ရုရှားယောက်ျားတွေ နိုင်ငံထဲဝင်ခွင့်ကို နိုဝင်ဘာ ၃၀ ရက်က စပြီး တားမြစ်ပိတ်ပင်ထားပါတယ်။