A d v e r t i s e m e n t With Us

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များအတွက် မဲခွဲ

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အင်္ဂလန်အသင်းက ချက်၊ ဘူလ်ဂေးရီးယား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုအသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်ပါတယ်။ အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ ၂ ရက်က အိုင်ယာလန်နိုင်ငံ ဒပ်ဘ်လင်မြို့မှာ ကျင်းပခဲ့တာပါ။ စုစုပေါင်း အသင်း ၅၅ သင်းကို ၅ သင်းပါတဲ့ အုပ်စု ၅ ခု၊ ၆ သင်းပါတဲ့ အုပ်စု ၅ ခု ခွဲခြားခဲ့တာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယနှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ မရဏအုပ်စုအဖြစ် ဂျာမနီ၊ ဟော်လန်၊ မြောက်အိုင်ယာလန်၊ အက်စ်တိုးနီးယားနဲ့ ဘီလာရုစ်တို့ ပါဝင်တဲ့ အုပ်စု စီ ကို သတ်မှတ်ကြပါတယ်။ စပိန်အသင်းက ဆွီဒင်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဖာရိုးအိုင်းလန်း၊ မော်လ်တာတို့ပါဝင်တဲ့ အုပ်စု အက်ဖ် မှာ ပါဝင်ပါတယ်။ ပေါ်တူဂီက အုပ်စု ဘီမှာ ယူကရိန်း၊ ဆားဘီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ပြင်သစ်က အိုက်စ်လန်၊ တူရကီ၊ အယ်လ်ဘေးနီးယား၊ မော်လ်ဒိုဗာ၊ အန်ဒိုရာတို့နဲ့ အုပ်စု အိတ်ခ်ျမှာ ကျရောက်နေပါတယ်။ ဘယ်လ်ဂျီယံက ရုရှား၊ စကော့တလန်၊ ဆိုက်ပရပ်စ်၊ ကာဇက်စတန်၊ ဆန်မာရီနိုတို့နဲ့ တွေ့ဆုံခဲ့ပြီး အီတလီကတော့ ဘော့စနီးယား၊ ဖင်လန်၊ ဂရိ၊ အာမေးနီးယား၊ လက်ချင်စတိန်းတို့ပါဝင်တဲ့ နောက်ဆုံးအုပ်စုမှာ ကျရောက်နေပါတယ်။ ကျန်အသင်းတွေကတော့ အုပ်စု ဒီမှာ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ ဂျီဘရော်လ်တာ၊ အုပ်စု အီးမှာ ခရိုအေးရှား၊ ဝေးလ်စ်၊ စလိုဗက်ကီးယား၊ ဟန်ဂေရီ၊ အဇာဘိုင်ဂျန်၊ အုပ်စု ဂျီမှာ ပိုလန်၊ သြစတြီးယား၊ အစ္စရေး၊ စလိုဗေးနီးယား၊ မက်ဆီဒိုးနီးယားနဲ့ လတ်ဗီးယားတို့ ကျရောက်နေပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကိုတော့ လာမယ့် ၂၀၁၉ မတ်လ ၂၁ ရက် စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up