Home
မြန်မာသတင်း
ရန်စွယ်ငေါငေါ စွပ်စွဲပုတ်ခတ်မှုများ ဖယ်ရှားရှင်းလင်းနေရဟု အန်အယ်လ်ဒီပြော
DVB
·
December 2, 2018
အစီအစဉ်ရှိရှိ လှည့်ဖြားထားတဲ့ ခြေလှမ်းတွေနဲ့ ရန်စွယ်ငေါငေါ စွပ်စွဲပုတ်ခတ်တာတွေကို ဖယ်ရှားရှင်းလင်းနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာပါတယ်။ ဒီနေ့ ကျရောက်တဲ့ ၉၈ နှစ်မြောက် အမျိုးသားနေ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒီကာလဟာ ကျောင်းသားတွေ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက စတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်တဲ့ ဆန္ဒနဲ့ ယုံကြည်မျှော်လင့်ချက်အရ ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ခွင့်တာဝန်ကို ထိုက်တန်စွာရရှိခဲ့တဲ့ အားလျော်စွာ မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်ပြီးတရားမျှတတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို လှမ်းတက်စေပြီး အရည်အချင်းအရ သစ်လွင်တဲ့ အဆင့်တဆင့်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေဆဲ အခါသမယဖြစ်တယ်လို့ ဆိုပါတယ်။ အစီအစဉ်ရှိရှိ လှည့်ဖြားထားတဲ့ ခြေလှမ်းတွေနဲ့ ရန်စွယ်ငေါငေါ စွပ်စွဲပုတ်ခတ်တာတွေ ကိုလည်း အမှန်တရားအရ စီရင်ဆုံးဖြတ်ပေးမယ့် အလင်းရောင်အောက်မှာ မိမိရဲ့ သစ္စာတရား အပေါ် လိပ်ပြာသန့်သန့်ဖြင့် ကြံ့ကြံ့ခံ ဖယ်ရှားရှင်းလင်း ကျော်လွှားနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တဆက်တည်းမှာပဲ မိမိတို့နိုင်ငံ မြင့်မြတ်တဲ့ ပုံရိပ်နဲ့ အမျိုးသားအမှတ်သရုပ်ကို ကမ္ဘာ့အလယ်မှာ ပိုမြှင့်တင်နေရသလို အမျိုးသား အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာအတွက်လည်း မဆုတ်မနစ် ခုခံကာကွယ်နေရတယ်လို့လည်း ဆိုပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် အပြန်အလှန် အသိအမှတ်ပြု လေးစားမှုနဲ့ ဆွေးနွေးအဖြေရှာရေး ယဉ်ကျေးမှုသစ်ကို အကောင်အထည်ဖော်နေဆဲ ကာလဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024