Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် တရားမ၀င်ပို့မည့် သိန်း ၁၅၀ ကျော် တန်ဖိုးရှိ ဆေးလိပ်ဖာများ ဖမ်းမိ
DVB
·
December 2, 2018
ဘင်္ဂလားဒေ့ရှ်​နိုင်​ငံကို တရားမ၀င်​ပို့​ဆောင်​မယ့် သိန်း​ပေါင်း ၁၅၄ သိန်း​ကျော် ​တန်​ဖိုးရှိ ဆေးလိပ်​ဖာများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်​ဘာ ၁ ရက်​​နေ့ မနက်ပိုင်းက ​ ​မောင်​​တောမြို့နယ်​​မြောက်​ပိုင်း သစ်​တုံးနားခွဆုံ ​ကျေးရွာအနီး ​ကျော်​ကစ္စပနဒီကုမ္ပဏီမှ ​ဆောက်​လုပ်​ထားတဲ့ ​​လူမ​နေ​သေးတဲ့ နတလ ​နေအိမ်တ​လုံးကို နယ်​​မြေ ၂ ​အောင်​ဇူစခန်းမှ တာဝန်ရှိသူတွေ သွား​ရောက်​ရှာ​ဖွေတဲ့အခါ ​ Marble မျိုးအစား တံဆိပ်​ပါ ​ဆေးလိပ်​ဖာ (၈၇) ဖာ၊ Mansan တံဆိပ်​ပါ ၁၃ ဖာနဲ့ Premiun Gold တံဆိပ်​ (၁၉) ဖာ ကာလတန်ဖိုး ကျပ်သိန်း​ပေါင်း ၁၅၄ သိန်းကျော်​တန်​ဖိုးရှိ ​ဆေးလိပ်​ဖာတွေ ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိ​ခဲ့တယ်လို့ ​အောင်​ဇူးစခန်း တာန်​ရှိသူတ​ဦးက အတည်​ပြု​ပြောကြားပါတယ်​။ ဆေးလိပ်ဖာတွေရဲ့ ပိုင်​ရှင်​ကို ​ဖော်​ထုတ်​နိုင်​​ရေးအတွက် ဆက်​လပ်​​ဆောင်​ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024