Home
မြန်မာသတင်း
ကနေဒီ ဆင်စခန်းကို လာမည့် ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်မည်
DVB
·
December 2, 2018
ချင်ပြည်နယ် တီးတိန်နယ်ထဲက စီးယင်းကြိုးဝိုင်းထဲမှာ တည်ဆောက်နေတဲ့ land of elephants လို့ ခေါ်တဲ့ ကနေဒီ ဆင်ထိန်းစခန်းကို အခုနှစ် ဒီဇင်ဘာမှာ ဖွင့်နိုင်ဖို့ လျာထားပေမယ့် လာမယ့် ၂၀၁၉ ခုနှစ် ထဲမှာမှ ဖွင့်လှစ်တော့မယ်လို့ ဆင်စခန်းတာဝန်ခံ ကိုတိုးချစ်မှူးပိုင်က ခုလို ပြောပါတယ်။ “ကျနော်တို့ နိုင်ငံတော်အဆင့် ဆင်စခန်းဖွင့်ဖို့ဆို အချိန် ၃ လလောက် ခန့်မှန်း အချိန်ပေးရမယ်။ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကတော့ အကြိုပုံစံမျိုးပြသနေတာပါ။ စခန်းအနေအထားတွေ အဆောက်အဦတွေ လိုနေသေးတယ်လေ။” ကနေဒီ ဆင်စခန်းဟာ ချင်းပြည်နယ်ထဲမှာ ပထမဆုံး ပြုလုပ်လိုက်တဲ့ စခန်းဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ တိုးတက်နိုင်ဖို့နဲ့ သဘာဝတောတောင်အလှတွေကို လူတွေ ချစ်တတ်လာဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာပါ။ “စခန်းက မဖွင့်သေးပေမယ့် ရုံးပိတ်ရက်တွေဆို လူတွေလာကြတယ်။ လက်ရှိမှာ ဆင်စီးလို့ ရတယ်။ အပန်းဖြေလာရင်း စားသောက်နိုင်ဖို့ ကန်တင်းပုံစံ ဆိုင်လေးတွေနဲ့ အစားအသောက်တွေ ရောင်းပေးတယ်။ နောက်ဆိုရင်တော့ တဦးကို ဝင်ကြေး ၁၀၀၀ ကျပ် ကောက်မယ်။ ဆင်စီး အနီး ၃၀၀၀ ကျပ်နဲ့ အဝေးဆိုရင် ၅၀၀၀ ကျပ် ကောက်ခံမယ်။ ကလေးတွေအတွက်တော့ ဝင်ကြေးနဲ့ ဆင်စီးခ အခမဲ့ ထားပေးသွားမယ်” လို့ ကိုတိုးချစ်မှူးပိုင်က ဆိုပါတယ်။ ဆင်စခန်းကို လာရင် ဆင်တွေကိုလည်း ပြင်ပအစာ မကျွေးစေဖို့ ဆင်ကျန်းမာရေးအတွက် ထိခိုက်မှု ရှိမှာစိုးတာကြောင့် တားမြစ်ထားပါတယ်။ ကနေဒီဆင်စခန်းဟာ ချင်းပြည်နယ် တီးတိန်နယ်ဆိုပေမယ့် ကလေးမြိုကနေ သွားမယ်ဆို ဆိုင်ကယ် ကားတွေနဲ့ သွားလို့ရနေပြီး ဆိုင်ကယ်နဲ့ ပုံမှန် ၂ နာရီလောက် မောင်းနှင်ရင် ရောက်ရှိနိုင်ပြီး အေးမြ ကြည်လင်လှတဲ့ ဆည်ကြီး တောင်ကျခေါင်းဘေးမှာ တည်ရှိပါတယ်။ အပန်းဖြေစရာနဲ့ အစားအသောက်ဆိုင်တွေ ထားရှိပြီး လက်ရှိမှာ ဆင် ၈ ကောင် ထိန်းသိမ်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024