ၾသစေၾတးလ် ငါးဖမ်းသမား ဧရာမငါးကြီး ဖမ်းမိ (ရုပ်သံ)
သြစတြေးလျနိုင်ငံသား ငါးမျှားသူ တဦးဟာ နိုဝင်ဘာ ၂၉ ရက်နေ့က အလေးချိန် ၆၅၀ ကီလိုဂရမ်ရှိတဲ့ ဧရာမ မာလင်ငါးကြီး တကောင်ကို ဖမ်းမိခဲ့ပါတယ်။
အဲဒီ ဖမ်းမိတဲ့ ငါးကြီးကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကွင်းစလန်ပြည်နယ် ဟာဗေးဘေးမြို့ကို သယ်ဆောင်လာခဲ့ပါတယ်။
အဲဒီငါးကြီးကို ရော့ဘ်ကရိန်း ဆိုတဲ့ ငါးမျှားသူက ဖရေဆာ ကျွန်းအနီးမှာ ဖမ်းမိခဲ့တာပါ။ ရော့ဘ်ကရိန်းက အဲဒီငါးကြီးကို အကြီးဆုံး ငါးဖမ်းကိရိယာနဲ့ ဖမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ငါးတွေဟာ ခွေးတကောင် အရွယ်အစားကနေ အနှစ် အစိတ်ကြာတဲ့အခါ အခုလို အရွယ်အထိ ကြီးလာတယ်လို့လည်း သူကပြောပါ့တယ်။
ဒါကြောင့် အဲဒီငါးတွေကို သုတေသန ပြုလုပ်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ အဆိုပါ ဖမ်းမိ ဧရာမ မာလင်ငါးကြီးဟာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ သူနဲ့ အမျိုးအစားတူ မာလင်ငါးကြီးထက် အလေးချိန် ကီလို ၃၀ သာ လျော့နည်းတယ်လို့လည်း ဒေသမီဒီယာက ဖော်ပြခဲ့ပါတယ်။