A d v e r t i s e m e n t With Us

မန်စီးတီး ၃-၁ ဘုန်းမောက်၊ မန်ယူ ၂-၂ ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)

မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နာမည်ကြီး မန်စီးတီးအသင်းအနိုင်ရပြီး မန်ယူက သရေကျသွားပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပြီး အနိုင်ရခဲ့တာပါ။ မန်စီးတီးဟာ ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး သွင်းဂိုးတွေကိုတော့ ၁၆ ၊ ၅၇ နဲ့ ၇၉ မိနစ်တွေမှာ ဆေးဗား၊ စတားလင်းနဲ့ ဂွန်ဒိုဂန်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ ၀ီလ်ဆန်က သွင်းယူခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ အိမ်ရှင် ဆောက်သမ်တန်က ဦးဆောင်ဂိုးတွေ အရင်သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် ၁၃ နဲ့ မိနစ် ၂၀ တွေမှာ အာမ်စတောင်းနဲ့ ဆိုရက်စ်တို့က သွင်းယူခဲ့တာပါ။ မန်ယူအသင်းအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၃၃ နဲ့ ၃၉ မိနစ်တွေမှာ လူကာကူနဲ့ ဟာရဲယားတို့က သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ၁၄ ပွဲကစား ရမှတ် ၃၈ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး မန်ယူအသင်းကတော့ ၁၄ ပွဲကစား ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်အသင်းက ရမှတ် ၂၀ နဲ့ အဆင့် ၉၊ ဆောက်သမ်တန်က ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၈ မှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up