A d v e r t i s e m e n t With Us

ဝင်ခိုးသည့်နေရာတွင် အိပ်ပျော်သွားသဖြင့် ရုရှားဖောက်ထွင်းဝိဇ္ဇာ အဖမ်းခံရ

ရုရှားနိုင်ငံက ဖောက်ထွင်းဝိဇ္ဇာတဦးဟာ သူဝင်ခိုးတဲ့နေရာမှာ အိပ်ပျော်သွားတာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံ အော်ရန်ဘာ့ဂ်ျမြို့က အဆောက်အဦတခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ဝ ရက်က ဖြစ်ပွားခဲ့တာပါ။ အဖမ်းခံခဲ့ရတဲ့ ဖောက်ထွင်းသူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူဟာ ပြတင်းပေါက်တခုကနေ အဆောက်အဦထဲကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သော့တွေ၊ တခြားကိရိယာတွေနဲ့ အဆောက်အဦထဲက  ရုံးခန်းတွေကို ဖောက်ထွင်းခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးသားဟာ ရုံးခန်းတွေထဲက အဖိုးတန် ပစ္စည်းတွေကို လှည့်လည်ရှာဖွေရင်း ကန်ဒေါ်လာ ၂၁ဝဝ နဲ့ ညီမျှတဲ့ ရုရှားရူဘယ် ၁၄ဝ,ဝဝဝ ကိုရရှိခဲ့ပါတယ်။ ဒီငွေတွေကို ရရှိခဲ့ပြီးနောက် သူဟာ ဘယ်သူမှမမြင်ခင် ထွက်ပြေးရမယ့်အစား ရုံးခန်းထဲက သားရေကုလားထိုင်တလုံးမှာ ခဏဝင်နားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာအိပ်ပျော်သွားခဲ့ပြီး ဖမ်းမယ့် ရဲတွေရောက်လာတဲ့အထိ မနိုးခဲ့ပါဘူး။ ဒီအမျိုးသားရဲ့ ဖောက်ထွင်းမှုကို အဆောက်အဦရဲ့ လုံခြုံရေးဝန်ထမ်းက စီစီတီဗွီကနေတဆင့် သတိပြုမိခဲ့တာဖြစ်ပြီး သူ့ကိုချက်ချင်းသွားဖမ်းရမယ့်အစား ရဲကိုဖုန်း ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိပ်ပျော်နေတဲ့ သူခိုးကို ရဲတွေက ခိုးထားတဲ့ ပိုက်ဆံတွေနဲ့ အတူအလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း အိပ်ပျော်သွားခဲ့တဲ့ သူခိုးဟာ အရင်ကလည်း ပြစ်မှုဟောင်းတွေကြောင့် ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူဟာ ပြင်းထန်တဲ့ထောင်ဒဏ်နဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up