A d v e r t i s e m e n t With Us

နည်းပြနှင့်အဆင်မပြေ၍ အစ္စကို ရီးရဲလ်အသင်းမှ ထွက်ခွာဖို့များနေ

ရီးရဲလ်မက်ဒရစ်အသင်းက စပိန်ကြယ်ပွင့် အစ္စကိုဟာ လက်ရှိနည်းပြ ဆိုလာရီနဲ့ ဆက်ဆံရေး အေးစက်နေပြီး အသင်းကို စွန့်ခွာဖို့ ပိုများနေတယ်လို့ ရေးသားဖော်ပြကြပါတယ်။ အစ္စကိုဟာ ထုတ်ပယ်ခံခဲ့ရတဲ့နည်းပြ လိုပက်တက်ဂွီရဲ့ လက်အောက်မှာတုန်းက ၁၄ ပွဲအထိ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဆိုလာရီ စတင်ကိုင်တွယ်ချိန်ကနေ အခုထိ ၇၉ မိနစ်လောက်သာ ပွဲထွက်ခွင့် ရထားပါတယ်။ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတာကြောင့် အစ္စကိုအသင်းပြောင်းရွှေ့ဖို့ အခြေအနေဟာ ပိုများလာခဲ့ပါတယ်။ ဆိုလာရီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို လိုပက်တက်ဂွီထံကနေ လက်လွှဲရယူပြီးတော့ ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြလည်းဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ လာမယ့်ပွဲစဉ်မှာ အစ္စကို ကိုပွဲထွက်ကစားသမားအဖြစ် ရွေးချယ်သွားမယ်လို့ သိရပေမယ့် အစ္စကိုကတော့ အသင်းပြောင်းရွှေ့ဖို့ကိုပဲ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up