A d v e r t i s e m e n t With Us

သမ္မတ ထရမ့် G20 ထိပ်သီးအစည်းအဝေးတက်ရန် အာဂျင်တီးနားသို့ ရောက်ရှိ

ဓာတ်ပုံ - SAUL LOEB/AFP
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ G20 ထိပ်သီးအစည်းအဝေး တက်ဖို့အတွက် နိုဝင်ဘာ ၂၉ ရက်နေ့က အာဂျင်တီးနားနိုင်ငံကို ရောက်ရှိလာပါတယ်။ ယူကရိန်းအပေါ် ရုရှားပြုမူပုံကို ကန့်ကွက်တဲ့အနေနဲ့ သမ္မတ ထရမ့်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းပြီး အမေရိကန်-ရုရှား ဆက်ဆံရေး မရေမရာ ဖြစ်သွားခဲ့ပါတယ်။ ရုရှားတပ်ဖွဲ့တွေက ယူကရိန်း ရေတပ်သင်္ဘောကို ပစ်ခတ်ပြီး ရေတပ်သားတွေ ဖမ်းဆီးခဲ့တဲ့ အပေါ်မှာ ယူကရိန်း-ရုရှား တင်းမာမှုတွေ ဖြစ်ခဲ့တာကြောင့် ရုရှားသမ္မတနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ သမ္မတ ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုနဲ့ ရုရှား ပတ်သက်မှု စုံစမ်းရေး မုန်တိုင်းထန်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အခု သမ္မတ ထရမ့် တက်ရောက်မယ့် G20 ထိပ်သီးအစည်းအဝေးကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ပြင်သစ်သမ္မတ မာခွန်း၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြား တက်ရောက်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up