WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660459155.4943599700927734375000', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ဗြိတိန်တွင် ဓားသွားပေါင်းတသိန်းဖြင့် ပြုလုပ်ထားသည့် ရုပ်တု ပြသ (ရုပ်သံ) – DVB

ဗြိတိန်တွင် ဓားသွားပေါင်းတသိန်းဖြင့် ပြုလုပ်ထားသည့် ရုပ်တု ပြသ (ရုပ်သံ)

ဓားနဲ့တိုက်ခိုက်ခံရတဲ့ ပြစ်မှုတွေ များပြားလာတာကို ပုံဖော်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ဓားသွားပေါင်းတသိန်းနဲ့ ပြုလုပ်ထားတဲ့ ရုပ်တုကို နိုဝင်ဘာ ၂၉ ရက်နေ့က ပြသခဲ့ပါတယ်။ “ဓားသွား အိန်ဂျယ်” ဆိုတဲ့ အမြင့် ၂၇ ပေရှိ ရုပ်တုကို ဗြိတိန်နိုင်ငံတလွှား သိမ်းဆည်းရမိတဲ့ ဓားအမျိုးမျိုးနဲ့ ပုံဖော်ထားတာပါ။ ဒါဟာ နိုင်ငံအတွင်း ဓားနဲ့တိုက်ခိုက်တဲ့ ပြစ်မှုတွေ များပြားတာကို မီးမောင်းထိုးပြတာပဲ ဖြစ်ပါတယ်။ ဓားသွားအိန်ဂျယ် ဖန်တီးသူ ဒီဇိုင်နာ အဲဖီဘရက်ဒ်လေက “ဓားအတို၊ ဓားအရှည်၊ တောခုတ်ဓား၊ အမဲခုတ်ဓားနဲ့ မီးဖိုချောင်သုံးဓားတွေတောင် ပါပါတယ်။ စိတ်မကောင်းစရာက လူငယ်လေးတယောက်က မီးဖိုချောင်သုံးဓားကို ယူလာပြီး ပြစ်မှုကျူးလွန်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရင်း ပြစ်မှုကျူးလွန်မိတာပဲ” လို့ ပြောသွားပါတယ်။ ဒီဇိုင်နာ ဘရက်ဒ်လေက အကြမ်းဖက် ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ အမျိုးသား အထိမ်းအမှတ် ရုပ်တုအဖြစ် ဒီရုပ်တုကို တနှစ်ကျော် အချိန်ပေး ပြုလုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ “ဓားသွားအိန်ဂျယ်” ရုပ်တုကို ခရစ္စမတ်ကာလအတွင်း လီဗာပူးမြို့ပြင် အင်္ဂလီကန် ဘုရားကျောင်း အပြင်ဘက်မှာ ပြသသွားမှာဖြစ်တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။

//
More News
Up