Live
Home
မြန်မာသတင်း
ရွှေတိဂုံတွင် စင်ကာပူဇနီးမောင်နှံထံက ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
November 30, 2018
ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၄၅ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်မနက် ၆ နာရီခွဲက ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ ပြည်ပငွေကြေးကောက်ခံရေး ကောင်တာကို စင်ကာပူနိုင်ငံသား Mr.Lin Bee Fun (၄၀) နှစ်နဲ့  ဇနီး Mrs Chin Kuo Kuang (၄၃) နှစ်တို့ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၃ ရွက်နဲ့ အခွန်ပေးဆောင်ခဲ့တာကို စေတီတော်လုံခြုံရေးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စေတီတော် ရဲကင်းမှူး ဒုရဲအုပ် အောင်ရည်မွန် ဦးစီးပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၂ ရွက်အား ထပ်မံတွေ့ရှိရလို့  စုစုပေါင်း ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါငွေစက္ကူအတုတွေဟာ စင်ကာပူချန်ဂီလေဆိပ်ရှိ The Arcade ငွေလဲကောင်တာမှာ အိန္ဒိယလူမျိုး ၂ ဦးထံက စင်ကာပူဒေါ်လာ ၄၀၀ ကို  မြန်မာငွေ ၄၅၀,၀၀၀ ကျပ်နဲ့ လဲလှယ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ စင်ကာပူနိုင်ငံသား ၂ ဦးကို ဒဂုံမြို့မရဲစခန်းက (ပ)၁၃၃/၂၀၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံဟာ ကုမ္ပဏီကိစ္စနဲ့ နိုဝင်ဘာလ ၂၇ ရက်က စင်္ကာပူနိုင်ငံမှ စင်္ကာပူလေကြောင်းလိုင်နဲ့  ရန်ကုန်မြို့သို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဓာတ်ပုံ-ရဲဇာနည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024