A d v e r t i s e m e n t With Us

တူရကီ အပန်းဖြေစခန်းတွင် ရုတ်တရက်ရေကြီး၊ မော်တော်ကားများ ရေစီးဖြင့် မျောပါ (ရုပ်သံ)

တူရကီနိုင်ငံရဲ့ ကမ္ဘာလှည့်အပန်းဖြေစခန်း ဘိုးဒရမ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က ရုတ်တရက်  ရေကြီးမှုကြောင့် အနည်းဆုံး မော်တော်ကား ၇ စီးလောက် ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ အဲဒီလို မျောပါသွားတာကို ဒေသ သတင်းမီဒီယာ မူဂလာတီဗွီကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ရေကြီးတာကြောင့် ဒါဇင်နဲ့ချီတဲ့လူတွေ သောင်တင်နေပြီး အပန်းဖြေစခန်း ဘိုးဒရမ်မှာ ကသောင်းကနင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိန်းလမ်းမကြီးတွေမှာ ရေကြီးခဲ့ပြီး မော်တော်ကားတွေလည်း တဝက်လောက် ရေနစ်မြုပ်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် ခရီးသည်တွေလည်း သောင်တင်ခဲ့လို့ မြေတူးစက်တွေနဲ့ ကယ်ဆယ်ခဲ့ရသလို ဒေသခံတွေဟာလည်း ရေတွေကြားထဲမှာ အိမ်ကို ခြေကျင်ပြန်ခဲ့ရတယ်လို့ တူရကီနိုင်ငံပိုင် အနာဒိုလူ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up