A d v e r t i s e m e n t With Us

ဒုံးကျည်ခွံများဖြင့် အနုပညာလက်ရာမြောက် မီးခွက်ဖန်တီးသည့် အစ္စရေး သတ္တုပန်းပုပညာရှင် (ရုပ်သံ)

အစ္စရေး သတ္တုပန်းပု ပညာရှင်တဦးဟာ ဂါဇာဒေသက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ခွံတွေကို အသုံးပြုပြီး အနုပညာလက်ရာမြောက် မီးခွက်တွေ ဖန်တီးနေပါတယ်။ အစ္စရေး သတ္တုပန်းပုပညာရှင် ယာလွန်ဘော့ရဲ့ အလုပ်ရုံကို မရောက်ခင်ကတည်းက တူထုသံနဲ့ ဂဟေဆော်သံတွေကို ဆူဆူညံညံ ကြားနေရတာပါ။ သူ့ရဲ့အလုပ်ရုံထဲမှာတော့ ဂျူးဘာသာရေး ကျမ်းစာထဲက ကိုးကားချက်တခုကို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။ အဲဒါကတော့ “သူတို့ရဲ့ဓားတွေကို ထယ်သွားအဖြစ် ပုံပြောင်းမယ်” ဆိုတာပဲ ဖြစ်ပါတယ်။ အလုပ်ရုံထဲက ကုန်ကြမ်းတွေကတော့ သူတို့နဲ့ နှစ်မိုင်ခွဲအကွာ ဂါဇာဒေသက ပါလက်စတိုင်း စစ်သွေးကြွတွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ မော်တာကျည်ခွံတွေပဲ ဖြစ်ပါတယ်။ အဲဒီ အမြောက်ကျည်ဆံကနေ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ပြည်တွင်းပြည်ပမှာ ရောင်းချပါတယ်။ သတ္တုပန်းပုပညာရှင် ယာလွန်ဘော့က “ဒုံးကျည်ခွံတွေကို မီးခွက်အဖြစ် ဖန်တီးတဲ့စိတ်ကူးက သေခြင်းတရားကို အလင်းရောင်အဖြစ် အသွင်ပြောင်းတာပါ။ ဟာနုကာဆိုတာက အလင်းရောင် အမှတ်လက္ခဏာလေ။ အဲဒါထက်ပိုရှင်းတာ မရှိတော့ဘူးလေ။ ဒါကြောင့် အလင်းရောင်နဲ့ အစ္စရေးပြည်သူတွေရဲ့ ကြွယ်ဝခြင်း အမှတ်လက္ခဏာဆောင်တဲ့ မန်နိုရာ မီးခွက်တွေကို ဖန်တီးနေတာပါ” လို့ ပြောပါတယ်။ မီးထွန်းပွဲတော်လို့ ထင်ရှားတဲ့ ဟာနုကာပွဲတော်ဟာ ဘီစီ ၂ ရာစုမှာ ဂျူဒါမက်ကာဘီနဲ့ နောက်လိုက်နောက်ပါတွေ အောင်ပွဲခံတဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေးနိုင်ငံ အမှတ်တံဆိပ်ဖြစ်တဲ့ မီးခံခွက် ၇ ခုပါ မီးထွန်းခွက်ကိုလည်း ဖန်တီးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up