A d v e r t i s e m e n t With Us

ဂရိကလပ် PAOK ကို ၄ ဂိုးပြတ်နိုင်ပြီး ချဲလ်ဆီး ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စု အယ်လ် ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ဂရိကလပ် PAOK တို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ ၄ ဂိုးပြတ် အနိုင်ယူပြီး အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ အုပ်စု ပထမနေရာကနေ နောက်တဆင့် တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကော်လန်ဟွဒ်ဆန် အိုဒွိုင်းဟာလည်း ချဲလ်ဆီး စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဧည့်သည်အသင်းရဲ့ နောက်တန်းကစားသမား ခါချရီဒီ စောစောစီးစီး အနီကတ်ပြသခံခဲ့ရတာကို ချဲလ်ဆီးတိုက်စစ်မှူးတွေ အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဂျရူးက ပွဲကစားချိန် ၂၇ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ ၂ ဂိုးသွင်းယူပေးခဲ့သလို အိုဒွိုင်းက တတိယဂိုးနဲ့ ဒုတိယပိုင်း ၇၈ မိနစ်မှာ ဂျရူးအစား လူစားဝင်လာတဲ့ မိုရာတာက ၄ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ အေစီမီလန်အသင်းက အိမ်ကွင်းမှာ အသင်းငယ် ဒူဒယ်လိန့်ခ်ျကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပိန်ထိပ်သီး ဆီဗီလာကတော့ စတန်းဒတ်လိဂ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မာဆေးလ်၊ လိုက်ပ်ဇစ်၊ လာဇီယိုတို့လည်း အဝေးကွင်းမှာ ရှုံးပွဲအသီးသီး တွေ့ခဲ့ပြီး ဘက်ဆစ်တပ်စ်၊ ဆဲလ်တစ်၊ ဘက်တစ်အသင်းတွေကတော့ နိုင်ပွဲတွေ့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up