ဟောင်ကောင်ကျောင်းသား ၃ ဦး အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး

လီလီေ၀ါင်၊ ခုိင်ဇာနဲ့ အိမ်ဗန်လန်း
ဟောင်ကောင်ကျောင်းသား ၃ ဦးရဲ့ ၅၆ နာရီ (သို့) ၂ ရက်ကျော်ကြာ အစာငတ်ခံ ဆန္ဒပြမှု ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။ ကျောင်းသားတွေက ဟောင်ကောင်အစိုးရ ဌာနချုပ် အပြင်ဘက်မှာ သြဂုတ် ၃၀ ရက်နေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာတော့ သူတို့ရဲ့ အခြေအနေ က မောပန်းနေပေမယ့်လည်း ကျန်းမာရေးအခြေအနေ ကောင်းနေသေးတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသား ခိုင်ဇာက ပြောပါတယ်။ [caption id="attachment_30216" align="alignleft" width="300" caption="လီလီဝေါင်၊ ခိုင်ဇာနဲ့ အိမ်ဗန်လန်း"][/caption] အစိုးရက အယူအဆဟောင်းတွေကို ထုတ်ပစ်ပြီးတော့ အယူသစ်တွေ ထည့်သွင်းဖို့ ဦးနှောက်ဆေး တဲ့ အမျိုးသား ပညာရေး သင်ရိုးသစ်ကို မိတ်ဆက်ပေးဖို့ စီစဉ်နေတဲ့ အပေါ် ကျောင်းသားတွေက ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။ စာမျက်နှာ ၃၄ မျက်နှာရှိတဲ့ တရုတ် ကွန်မြူနစ်ပါတီကြောင့် စီးပွားရေး လှုမှုရေး ပိုမိုကောင်းမွန် လာတယ်လို့ ချီးမြောက်ထားတဲ့ တရုတ်မော်ဒယ်လ်လို့ အမည်ရတဲ့ စာအုပ်ကို ဟောင်ကောင်အစိုးရ က ရန်ပုံငွေမတည်ပေးထားပါတယ်။ ဒီစာအုပ်ကို အမျိုးသား သင်ရိုးမှာ ထည့်ပြီး အမျိုးဂုဏ် မြင့်မားစေဖို့အတွက် အသက် ၆ နှစ်နဲ့ အထက် ဟောင်ကောင်ကျောင်းတွေမှာ အခြေခံအဖြစ် သင်ကြား ဖို့ ရည်ရွယ်ထားတာကို ဆန္ဒပြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာပါဝင်တဲ့ အမျိုးသမီး လီလီဝေါင်က သွေးထဲမှာ သကြား ပမာဏ လျော့နည်းနေတဲ့အ တွက် နေ့တ၀က်နီးပါး ခွန်အားဖြည့် အချိုရည်တွေကို သောက်သုံးနေရတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေက ၃ ရက် (သို့) ၇၂ နာရီ အစားအသောက်ကို ရှောင်ကြဉ်ဖို့ ဆုံးဖြတ်ထားပေမယ့် အားနည်းလာတဲ့အတွက် စက်တင်ဘာ ၂ ရက်နေ့ မနက်မှာ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ဆန္ဒပြတာကို ရပ်တန့်လိုက်ပြီးတဲ့နောက် ကျောင်းသား ၃ ဦးက သူတို့ကို ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြကျောင်းသား ခိုင်ဇာက “အစိုးရအနေနဲ့ ကျနော်တို့ရဲ့ အမြင်ကို နားမထောင်ပေးဘူးဆိုရင် ဒါဟာ ပြဿနာပါ။ ဒါပေမယ့် လူတွေရဲ့ စိတ်ဓာတ်ကို ကျနော်တို့ ရလိုက်တယ်၊ အစိုးရကတော့ သူတိုရဲ့ လိပ်ပြာဆုံးရှုံးသွားတယ်”  လို့ ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ ညနေမှာ ဟောင်ကောင်က ထောင်နဲ့ချီတဲ့ သူတွေကလည်း အစိုးရအစီအစဉ်ကို ဆန္ဒပြခဲ့ပါတယ်။ လူ ၄ သောင်းနီးပါးရှိတယ်လို့ စည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။ အသက် ၁၀ နှစ်အရွယ် ကျောင်းသားတဦးဖြစ်တဲ့ ကန်တုံလီက "တိုင်းပြည်ကို ချစ်တာနဲ့ ပါတီကို ချစ်တာမတူပါဘူး၊ တိုင်းပြည်ကို ချစ်ရင် နှလုံးသားနဲ့ ချစ်ပြီးတော့ ရှင်းလင်းစရာ မလိုပါဘူး၊ နှလုံးသားထဲမှာ သိမ်းထားရင် လုံလောက်ပါတယ်” လို့ ပြောပါတယ်။ အစာငတ်ခံဆန္ဒပြခဲ့တဲ့ ကျောင်းသူ လီလီဝေါင်ကလည်း “ဒီအချိန်မှာ ကျမတို့ မအောင်မြင်သေးပေမယ့် ကျမတို့ အောင်မြင်မှာပါ၊ လူအများစုထွက်လာပြီးတော့ အစာငတ်ဆန္ဒပြတာကို လုပ်နေတယ်၊ ဒါက မျှော်လင့်ချက်ကို ပေးပါတယ်” လို့ ပြောပါတယ်။ အစာငတ်ခံဆန္ဒပြကျောင်းသား အိမ်ဗန်လန်းက "အစာငတ်ခံကြေညာချက်ထဲကလို အစိုးရကို ကျနော်တို့ရဲ့ အသက်တွေနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး၊ ကျနော်တို့လုပ်ရပ်တွေကနေ လူတွေဆီကနေ ထောက်ခံချက် ပိုရလာမယ်လို့ မျှော်လင့်ပါတယ်၊ ကျနော်တို့ရဲ့ ရုန်းကန်တာကို ပါဝင်ပြီးတော့ ထောက်ခံချက်တွေ ရလာပါလိမ့်မယ်၊ ကျနော်တို့ကြောင့် တချို့လူတွေက ခံစားရပြီးတော့ သူတို့လည်း ဒီတိုက်ပွဲထဲကို ၀င်လာတယ်၊ ကျမတို့ လိုချင်တာ ရပါတယ်"လို့  ပြောပါတယ်။ တချိန်တည်းမှာပဲ ဆရာတွေ၊ ပါမောက္ခတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ပါဝင်တဲ့ ၁၀ ဦးကလည်း အစာငတ်ခံ ဆန္ဒပြနေပါတယ်။ ဟောင်ကောင် ဆရာများ သမဂ္ဂ ဒုဥက္ကဋ္ဌ ဝေါင်ဟတ်လင်က "အစာငတ်ခံဆန္ဒပြတာက အစိုးရကို ဆန့်ကျင်ဖို့ ကိုယ်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို အသုံးပြုရပါတယ်၊ တခြားလူတွေကို ဘာလုပ်ရမလဲဆိုတာ ကျနော်တို့ ပြောမပြနိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့အားလုံးက ခန္ဒာကိုယ်နဲ့ အသိစိတ်ကို အသုံးပြုပြီးတော့ တခြားလူတွေကို လှုပ်နှိုးနိုင်ဖို့ မျှော်လင့်နေ ပါတယ်။ ကျောင်းသား အတော်များများကလည်း ဒီသတင်းပတ်တွေထဲမှာ ကျောင်း အတော်များများကို သိမ်းယူခဲ့ပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up