မန်ယူဂိုးသမား ဒီဂီယာ တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ အလိုရှိ

764
မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေပြီး တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိ အလိုရှိနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ တောင်ပံကစားသမား ဆန်းချက်ဇ်ကိုလည်း တပတ် ပေါင်သုံးသိန်းခွဲ ပေးထားတာကြောင့် ဒီဂီယာအနေနဲ့လည်း ဆန်းချက်ဇ်လို အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
ဒီဂီယာဟာ အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။
မန်ယူအသင်းဟာ ဒီဂီယာကို တပတ်လုပ်ခ ပေါင် ၂၇၅၀၀၀ နဲ့ ကမ်းလှမ်းထားပေမယ့် ဒီဂီယာဘက်က ငြင်းဆန်ထားတယ်လို့ ဆိုပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒီဂီယာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လို့ အသင်းမှာ ဆက်ရှိစေလိုတယ်လို့ ပြောကြားထားပါတယ်။