အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် အာဖဂန်အရပ်သား ၃ဝ သေဆုံး

754
အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန့်ပြည်နယ်မှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်အရပ်သား ၃၀ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီသေဆုံးမှုဟာ တာလီဘန်တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဆင်ရေးအတွင်း မကြာသေးခင်က ထိခိုက်သေဆုံးမှုလည်း ဖြစ်ပါတယ်။
နေတိုးဦးဆောင်တဲ့ တပ်ဖွဲ့က သူတို့ဟာ ဂမ်ဆီယာခရိုင်မှာရှိတဲ့ ဝင်းတခုကနေ တာလီဘန်တွေရဲ့ ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒီအတွက် လေကြောင်းကနေ တိုက်ခိုက်ဖို့ အကူအညီတောင်း ခဲ့ပေမယ့် မြေပြင်တပ်ဖွဲ့တွေဟာ ဝင်းအနီးနားမှာ အရပ်သားတွေ ရှိနေတာ မသိခဲ့ဘူးလို့ နေတိုးတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဟဲလ်မန့်ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းအကူအညီဟာ အရပ်သားနဲ့ တာလီဘန်နှစ်ဖက်စလုံးကို ထိခိုက်သေဆုံးစေတယ်လို့ ပြောခဲ့ပါတယ်။
ဒါဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာခဲ့တဲ့ နောက်ဆုံး သေဆုံးမှုဖြစ်ပြီး ဒီသေဆုံးမှုဟာ အာဖဂန်စစ်ပွဲ ပြင်းထန်မှုကို မီးမှောင်းထိုးပြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။