ဖုန်ကန်ရာဇီရေခဲတောင်ထိပ် ဒီဗွီဘီ သတင်းထောက်များရောက်ရှိ
DVB
·
November 29, 2018
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ကို နိုဝင်ဘာ ၂၄ ရက်က ဒီဗွီဘီ သတင်းထောက်တွေ အောင်မြင်စွာတက်ရောက်ပြီး Close-up ရုပ်သံ အစီအစဉ် ရိုက်ကူးခဲ့ကြပါတယ်။
ဖုန်ကန်ရာဇီတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၁၉၂၅ ပေ မြင့်ပြီး ဆေးဘက်ဝင်သစ်ပင်သစ်မြစ်တွေ၊ သစ်ခွနဲ့ ပန်းမန်တွေ၊ ရှားပါး ကျေးငှက်၊ တိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ရေခဲတွေ ပျော်ကျစီးဆင်းနေတဲ့ ချောင်းတွေ စတဲ့ သဘာဝ အလှတွေနဲ့ အရှေ့တောင်အာရှမှာ တခုတည်းရှိတဲ့ ရေခဲတောင်ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းတုန်းကလည်း မြန်မာပြည်ရဲ့ရေခဲတောင်တွေထဲက ပေ ၁၃၈၀၀မြင်တဲ့ ဖုန်ရင်ရာဇီရေခဲတောင်ကို ဒီဗွီဘီ သတင်းထောက်တွေ သွားရောက် သတင်းယူ ခဲ့ကြပါတယ်။
ဓာတ်ပုံ-ရဲဝင့်သူ