လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပြင်ဆင်

590
ပီအက်စ်ဂျီအသင်းဟာ လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဖာဘင်ဟိုဟာ မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း လီဗာပူးအသင်းမှာ အဆင်မပြေဖြစ်နေပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာပါ။
ဒီအခြေအနေကို ပီအက်စ်ဂျီအသင်းက အခွင့်အရေးယူပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်လာတာပါ။
ပီအက်စ်ဂျီနည်းပြ တူချယ်ကိုယ်တိုင်ကလည်း ကွင်းလယ်ခံစစ်ကစားသမားတဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကတော့ ဖာဘင်ဟိုအနေနဲ့ အင်္ဂလန်မြေမှာ အသားကျဖို့ ရုန်းကန်နေရတယ်လို့ ဝန်ခံခဲ့ပြီး ဖာဘင်ဟို ကိုယ်တိုင်ကလည်း အချိန်ယူရဦးမယ်လို့ ပြောကြားထားပါတယ်။