A d v e r t i s e m e n t With Us

အကောင်ကြီးလွန်းသည့် သြစတြေးလျနွားထီး သားသတ်ရုံရောက်မည့်ဘေးမှ လွတ်(ရုပ်သံ)

သြစတြေးလျနိုင်ငံက ဧရာမ အသားစားနွားကြီးတကောင်ဟာ အကောင်ကြီးလွန်းတာကြောင့် သားသတ်ရုံရောက်မယ့်ဘဝကနေ လွတ်မြောက်သွားပါတယ်။ နစ်ကာလို့ခေါ်တဲ့ နွားထီးကြီးဟာ အရပ် ၆ ပေခွဲနီးပါးမြင့်ပြီး ကိုယ်အလေးချိန် ပေါင် ၃,၀၀၀ ကျော် ရှိပါတယ်။ အဲဒီလို အကောင်ကြီးလွန်းတာမို့ သူ့ကို သားသတ်ရုံနဲ့ မဆန့်ဘူးလို့ ယူဆပြီး ဘေးမဲ့ပေးခဲ့တာပါ။ ဒီအတွက် အသက် ၇ နှစ်အရွယ် ဟောစတင်းဖရီးရှန်း နွားထီးကြီးဟာ သြစတြေးလျမြောက်ပိုင်းက မိုင်ယာလက်ပ်နွားခြံမှာ တသက်တာ နေထိုင်သွားတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီနွားထီးကြီး နစ်ကာကို သြစတြေးလျရဲ့ အကြီးဆုံးနွားလို့ ယူဆထားပါတယ်။ အလားတူ အီတလီနွားထီးကြီး ဘယ်လင်နိုဟာ ကမ္ဘာ့အရပ်အမြင့်ဆုံး နွားထီးဆိုတဲ့ ဂင်းနစ်မှတ်တမ်းကို ဝင်ခဲ့ပါတယ်။ ဘယ်လင်နိုကတော့ အရပ် ၇ ပေနီးပါး မြင့်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up