မော်လိုက်တွင် အင်အား ၄.၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
November 29, 2018
မော်လိုက်မြို့ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲလောက်က မော်လိုက်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် (၂၃.၅၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂) ဒီဂရီ၊ ဗဟိုချက်အနက် (၅၆) ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်တာစကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။