A d v e r t i s e m e n t With Us

မန်ယူအသင်းက အချိန်လုံလုံလောက်လောက် မပေးခဲ့ဟု နည်းပြဟောင်း မိုယက်စ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိမိကို အချိန်လုံလုံလောက်လောက် မပေးခဲ့ဘူးလို့ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောလိုက်ပါတယ်။ စကော့တလန်နည်းပြ မိုယက်စ်ဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် မန်ယူနည်းပြနေရာကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ မန်ယူအသင်းကို ၁၀ လကြာပဲ ကိုင်တွယ်ခဲ့ရပြီး အရာအားလုံးကို ပြောင်းလဲပြင်ဆင်နေတဲ့ အချိန်မှာ အဲဒီအချိန်ကာလက မိမိအတွက် လုံလောက်မှုမရှိခဲ့ဘူးလို့ TalkSport နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ပြောင်းလဲမှုများစွာရှိခဲ့ပြီး တချိန်တုန်းက မန်ယူအသင်း အောင်မြင်မှုတွေ ရခဲ့တယ် ဆိုတာကလည်း နည်းပြကောင်းနဲ့ ကစားသမားကောင်းတွေ ရှိခဲ့လို့ဖြစ်တယ်လို့ မိုယက်စ်က ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းဟာလည်း ပြောင်းလဲမှုတွေ လုပ်နေပေမယ့် လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ နည်းပြဟောင်း မိုယက်စ်က သုံးသပ်ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up