Home
မြန်မာသတင်း
တရားမျှတမှုလက်လှမ်းမီရရှိရေး ‘လမ်းပြ’  ဖုန်းအက်ပလီကေးရှင်း မိတ်ဆက်
DVB
·
November 28, 2018
တရားမျှတမှု လက်လှမ်းမီရရှိရေးအတွက် လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို ရန်ကုန်မြို့မှာ Park Royal ဟိုတယ်မှာ နိုဝင်ဘာ ၂၈ ရက်က စတင်မိတ်ဆက် ရှင်းလင်းပါတယ်။ နည်းပညာနဲ့ အများပြည်သူတွေ တရားမျှတမှုကို လက်လှမ်းမီ အားဖြည့်ပေးနိုင်အောင် လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို My Justice နဲ့ Koe Koe Tech ကုမ္ပဏီတို့ ပူးပေါင်းပြီး ဥရောပသမဂ္ဂ ရန်ပုံငွေ အထောက်အပံ့နဲ့ ပြုလုပ်တာပါ။ လမ်းပြအက်ပလီကေးရှင်းဟာ ပြည်တွင်းဥပဒေနဲ့ အခြေခံ အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူလူထု ပိုမိုလက်လှမ်းမီဖို့ ဥပဒေနဲ့ပတ်သက်ပြီး အခက်အခဲ ကြုံတွေ့နေရသူတွေကို ရှေ့နေတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်တယ်လို့ My Justice ကပြောပါတယ်။ ဒါ့အပြင် အဲဒီ အက်ပလီကေးရှင်းထဲမှာ တရားရုံး ဥပဒေရုံးနဲ့ ရဲစခန်းတွေကို ဆက်သွယ်ဖို့ အချက်အလက်တွေ၊ ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ရှာဖွေနိုင်မယ့် လမ်းညွှန်ချက် အဆင့်အဆင့်တွေကို ထည့်သွင်းထားပါတယ်။ အမှုအခင်းတွေ ဖြစ်လာတဲ့အခါ ဘယ်ကို ဘယ်လိုတိုင်တန်းရမလဲ မသိတဲ့အခါ၊ ဘယ်လို လုပ်ဆောင်ရမလဲ မသိတဲ့အခါ၊ ဘယ်သူတွေဆီက အကူအညီတောင်းလို့ ရမလဲ မသိတဲ့အခါမှာ လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းက လိုအပ်တဲ့သူတွေကို ကူညီ ထောက်ပံ့နိုင်တယ်လို့လည်း My Justice အဖွဲ့က ပြောပါတယ်။ လမ်းပြမိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်။ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024