Home
အနုပညာ
ဝါရင့်ရော့ခ်အဆိုတော် လေးဖြူ၏ သီချင်းသစ် - မိစ္ဆာမ
DVB
·
November 27, 2018
“မသိဆိုးဝါး… အတင့်ရဲသလား… ဇကောလောက်မှ ဇောက်မနက်တာ… ငါ့နောက်ကျောမှာ ကြိတ်ကြံစည်ပြီး… ကောက်ကျစ်စဉ်းလဲခဲ့တာ” ဒါကတော့ လတ်တလော ထွက်ရှိလာခဲ့တဲ့ ၀ါရင့်ရော့ခ်အဆိုတော် လေးဖြူရဲ့ သီ ချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ အမည်ကိုတော့ မိစ္ဆာမလို့ ထူးထူးခြားခြား နာမည်ပေးထားခဲ့ပြီး တေး ရေးဆရာ ဂျီးနော်က ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ “မျက်နှာဖုံးအလှ… ဆောင်းထားသမျှ… အခုတော့မှ ဇာတိပြလာ… နင့်ရဲ့ လုပ်ရပ် အတွေးအခေါ်တွေဟာ… လွန်နေတာ… သံသယ မရှိခဲ့ခြင်းဟာ… နင် ပိရိခဲ့လို့လား” မိစ္ဆာနဲ့တူတဲ့ ချစ်သူရဲ့ ဆိုးဝါးမှုတွေကို ဖွဲ့ဆိုထားခဲ့တဲ့ ဒီသီချင်းကိုတော့ Royal Club Beverages ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှ ဝေထားခဲ့တာဖြစ်ပါတယ်။ “မင်း သစ္စာမရှိခဲ့တာ… အသိနောက်ကျ… ဘ၀ပျက်မှ… ငါ့ရင်ဘတ်မှာ လက်သည် မပေါ်ပဲ… စုတ်ပြတ်သပ်သွားခဲ့တာ” ရော့ခ်တေးဂီတ အပြင်းစား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ နှစ်သက်စေမယ့် သီ ဆိုမှုနဲ့အတူ မြူးမြူးကြွကြွ တီးခတ်ထားခဲ့တဲ့ ဒီသီချင်းရုပ်သံဟာ ၂ ရက်အတွင်း ကြည့်ရှု နားဆင်သူ ၃ သိန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ “အချစ်နဲ့ ဘ၀… အပြစ်ဖွဲ့ကာ… အမြစ်စွဲသထက် စွဲပြီးမှ… ဖျောက်လို့မရအောင်… ငါ့အာရုံမှာ သေနိုင်တာ… မပြတ်သားမိခြင်းဟာ… အခွင့် အရေးပေးသလိုများ… ဖြစ် ဖြစ် ဖြစ် ဖြစ်ခဲ့ရ… ခွင့်မလွှတ်သင့်… ခွင့်မလွှတ်သင့်… ခွင့်မလွှတ်သင့်… ခွင့်မလွှတ်သင့် တော့ပါ” အသက် ၅၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် လေးဖြူဟာ ကန္တာရလမင်း၊ ပင်လယ်အော်သံစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေနဲ့ ၁၉၉၀ ပြည့်လွန်ကာလ တွေကတည်းက ဂီတလောကထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပရိ သတ်အားပေးမှုအခိုင်အမာ ရရှိနေဆဲ ဖြစ်တဲ့ ၀ါရင့်အဆိုတော်တဦးဖြစ်ပါတယ်။ ရုပ်သံ - https://www.facebook.com/royalclubbeverages/videos/518579515219899/
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024