A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု ရှာကွီရီ သတိပေး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ လီဗာပူး ကွင်းလယ်ကစားသမား ရှာကွီရီက မန်စီးတီးအသင်းကို သတိပေးလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဝတ်ဖို့ဒ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းကို နှစ်မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး စောင့်ကြည့်နေမှာမဟုတ်ဘဲ မိမိတို့အသင်း ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ရှာကွီရီက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ နိုင်ပွဲတွေ ဆက်ပြီး ရယူနိုင်မယ်ဆိုရင် မန်စီးတီးအသင်းဆီက ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ရှာကွီရီက သုံးသပ်ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up