A d v e r t i s e m e n t With Us

မွမ်ဘိုင်းတိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ

ဓာတ်ပုံ - EPA
လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၈ မွမ်ဘိုင်းတိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့် အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ မွမ်ဘိုင်းမြို့လယ်ကောင် အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းနားကို နိုင်ငံရေးသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နာမည်ကျော် တပ်ဂ်ျမဟာနန်းတော် ဟိုတယ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့သလို လုံခြုံရေးကိုလည်း တိုးမြှင့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သေနတ်သမား ၁၀ ဦးဟာ မွမ်ဘိုင်းမြို့ကို ရေကြောင်းကနေ ဝင်ရောက်ပြီး အထင်ကရ နေရာတွေကို ၃ ရက်ကြာ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ရာမှာ တပ်ဂ်ျမဟာနန်းတော် ဟိုတယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ တဦးတည်းကျန်ရစ်ခဲ့တဲ့ သေနတ်သမားကို အိန္ဒိယအစိုးရက ၂၀၁၂ ခုနှစ်မှာ တိတ်တဆိတ် ကြိုးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက်ရှင်ကျန်ရစ်သူတွေက အစိုးရအနေနဲ့ ဒီတိုက်ခိုက်မှု နောက်ကွယ်က ကြိုးကိုင်သူတွေကို အပြစ်ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဝေဖန်ကြပါတယ်။ အိန္ဒိယအစိုးရကတော့ ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်အခြေစိုက် လက်ရှ်ကာအယ်တိုင်ဘာ (LeT) အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေကို အပြစ်ဖို့ခဲ့ပြီး အဖွဲ့တည်ထောင်သူ ဟာဖိဆာအိဟာ အဓိကကြိုးကိုင်သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up