တရုတ်အစိုးရက ၂၀၂၀ တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ၂၃ ရာခိုင်နှုန်းကျော် တိုးချဲ့မည်ဟု ရည်မှန်း
တရုတ်အစိုးရဟာ ဂေဟစနစ်လုံခြုံရေး ဘေးကင်းဇုန်တွေ ဖန်တီးဖို့ ၂၀၂၀ ခုနှစ်မှာ နိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာ ၂၃ ဒသမ ၀၄ ရာခိုင်နှုန်း တိုးချဲ့မယ်လို့ ရည်မှန်းထားပါတယ်။
အစီအစဉ်အရ တရုတ်အစိုးရဟာ ၂၀၃၅ ခုနှစ်မှာ ဂေဟစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် အခြေခံကျကျ တိုးတက်မှုကို မြင်ရမယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ပြောပါတယ်။
လူနဲ့ သဘာဝ ပူးတွဲတည်ရှိမှု ဟန်ချက်ညီရေး ဂေဟစနစ်ဆိုင်ရာ ဘက်စုံတိုးတက်မှုကို ၂၀၅၀ ခုနှစ်မှာ ရဖို့ တရုတ်အစိုးရက မျှော်လင့်ထားပါတယ်။
ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ တရုတ်ဟာ ဟင်းလင်းပြင်မြေပေါ်မှာ သစ်တောဟက်တာ ၄ ဒသမ ၆၇ သန်းကျော် ပျိုးထောင်ပြီးစီးခဲ့လို့ နိုင်ငံအတွင်း သစ်တောဖုံးဧရိယာကို ၂၁ ဒသမ ၆၆ ရာခိုင်နှုန်းထိရောက်အောင် တိုးချဲ့နိုင်ခဲ့တယ်လို့လည်း စီစီတီဗွီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။